ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။

မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင် (၅၀၀) ကျော် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် မတ်လတွင် နေရပ်သို့ ပြန်လည် နေထိုင်ခဲ့ကြသည်။

“စစ်ဘေးရှောင်ရတာလဲ မလွယ်ဘူး သူများအိမ်မှာဆို ကြာရင် အိမ်ရှင်မျက်နှာကြည့်လာရတယ်၊ တောထဲမှာ ရှောင်ရင်လည်း အစားစာတွေ ခက်ခဲတယ် ဘာဖြစ်ဖြစ်ဆိုပြီး ရွာပဲ ပြန်လာနေလိုက်တယ်၊ ရွာက အိမ်တွေ မီးရှို့ခံရတော့ အိမ်တွေလည်း ပြန်မဆောက်နိုင်သေးဘူး မိုးကာတဲနဲ့ပဲ နေရတယ်။”ဟု မင်းပလောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် နေအိမ်များ ပြန်လည်မပြုပြင်နိုင်သေးကြောင်းနှင့် နယ်မြေဒေသ တည်ငြိမ်မှုမရှိသောကြောင့် မီးထပ်ရှို့ခံရမည်ကို စိုးရိမ်သဖြင့် ပြန်လည် မဆောက်နိုင်သေးကြောင်း အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည် ရနဲ ကျေးရွာအုပ်စုဘက်တွင် အင်အားအလုံးရင်းဖြင့် တပ်စွဲထားပြီး ဒေသခံများကို ဘုန်းကြီးကျောင်းအတွင်း စုဝေးခိုင်းပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဆက်လက်ပြီး မင်းပလောင်ကျေးရွာမှ စစ်ဘေးရှောင်ကလေးများသည် ယားနာရောဂါများ ဖြစ်ပွားနေသောကြောင့် ဆေးဝါးများ အကူညီလိုအပ်နေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကလေးတွေလည်း ယားနာရောဂါ ဖြစ်ပွားနေတာ ဆေးကလည်းမရှိဘူး တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ပြီး အခုဆို ယားနာရောဂါက ဖြစ်တဲ့သူ များလာတယ်၊ နယ်မြေ မတည်ငြိမ်တော့ ကျန်းမာရေး ဆရာမလည်း မလာကြဘူး၊ ဆေးလည်း မရှိဘူး ၊ ဖြစ်နိုင်ရင် ဆေးဝါးတွေ ကူညီပေးစေချင်တယ်။”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် မင်းပလောင်ကျေးရွာဘက်တွင် နေ့စဉ် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး တော်လှန်ရေးအင်အားစုတပ်နှင့် အခြေနေတင်းမာမှု ဖြစ်နေ၍ ကျောင်းဆရာ၊ ဆရာမ များလည်း မရောက်လာ၍ ကျောင်းပိတ်ထားရသည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် ကျေးရွာများအတွင်း တပ်စွဲထားပြီး စစ်ကြောင်းထိုးမှုများ နေ့စဉ်ပြုလုပ်နေလျှက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ ဒေသခံ အမျိုးသား ၁၀ဉီး ကျော်ကို သြဂုတ် ၂ရက်တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး တိုက်ပွဲရှေ့တန်း စစ်ကြောင်းသို့ ပို့ဆောင်ခြင်းနှင့် တပ်စွဲထားသည့် နေရာသို့ ခေါ်ဆောင်သွားခြင်းတို့ကို ပြုလုပ်ခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...