Thursday, April 25, 2024

နေရပ်ပြန်

နမ္မတူ စစ်ရှောင်အချို့နေရပ်ပြန် နေထိုင်စားသောက်မှု အဆင်မပြေ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကြူဆော့ စစ်ဘေးရှောင်စခန်းမှ နေရပ်သို့ ပြန်သွားသည့် စစ်ဘေးရှောင် ပြည်သူများသည် နေထိုင်စားသောက်ရေး အတွက် အဆင်မပြေကြောင်း သတင်းသိရသည်။ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင် စခန်းသို့ စစ်ရှောင်ရောက်သည့် ပြည်သူများအနက် မန်နားကျေးရွာမှ အိမ်ထောင်စု ၁၀ စု၊ မန်မိုင်ကျေးရွာမှ အိမ်ထောင်စု ၁၃...

သျှမ်းတောင် စစ်ရှောင်များ နေရပ်ပြန်ပို့ရန် စစ်ကောင်စီ ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း အတွင်းရောက် စစ်ရှောင်များကို မိုးရာသီအကုန် (အောက်တိုဘာလ) တွင် နေရပ်ပြန်ပို့ရမည်ဟု နိုင်ငံတော် ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ၏ ညွန်ကြားချက်အရ သိရသည်။ “ နေရပ်ကိုပြန်ပို့မယ့်ကိစ္စက သျှမ်းပြည်တောင်ပိုင်းက စစ်ရှောင်တွေလည်းပါတယ်လို့ ပြောတယ်။ နောက်လာမယ့် (၁၀) လပိုင်းကုန်ရင် နေရပ်ကို ပြန်ပို့မယ်လို့တော့ ကြားတယ်။...

ပင်လောင်း နောင်တရားရောက်စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိခိုလှုံနေသည့် ကရင်နီပြည်မှ စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားခဲ့ကြောင်း သတင်းသိရသည်။ ကရင်နီပြည်(ကယားပြည်)တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုရက်ပိုင်းတွင် နေရပ်ပြန်သွားကြကြောင်း သိရသည်။ “ဒီ တစ်ရက် နှစ်ရက်မှာပဲ...

သီပေါ စစ်ရှောင်တချို့ နေရပ်ပြန်

သျှမ်းမြောက် သီပေါမြို့ ဘော်ကြိုဘုန်းကြီးကျောင်းတွင် ရှောက်ရှိခိုလှုံနေသော စစ်ဘေးရှောင် ပြည်သူတချို့ နေရပ်ကို ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၁၉)ရက်နေ့က သီပေါမြို့နယ် ကျင်သီ၊ ပုံဖမ်းနှင့် ကြံခင်းကျေးရွာတို့မှ ဘော်ကြို ဘုန်းကြီးကျောင်း သို့ စစ်ဘေးရှောင်လာရသည့် ပြည်သူ တချို့သည် နေအိမ်၊ ကျွဲ၊ နွားနှင့်...

တရုတ်နိုင်ငံမှ မြန်မာလုပ်သား (၂၅၀၀) နေရပ်ပြန်

မြန်မာ - တရုတ်နယ်စပ် တရုတ်နိုင်ငံ ဂျယ်ဂေါင်နှင့် ရွှေလီမြို့ ရှိ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ဝင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် ရွှေလီမြို့ရှိ အလုပ်များကို (၆) လအကြာ ပိတ်ထားမှာဖြစ်ပြီး ဇူလိုင် (၂၆) ရက်မှ...

ထိုင်းနိုင်ငံမှ သျှမ်းပြည်သို့ပြန်ပို့ဖို့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နယ်စပ်တွင်ရောက်ရှိ

သျှမ်းပြည်ဘက်ခြမ်းပြန်၀င်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်တွင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။ ၄င်းရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံဘက်မှအာဏာပိုင်များက  တာချီလိတ်သို့ပြန်ပို့ရန်အတွက် စီစဉ်နေဆဲဖြစ်ကြောင်း ပြန်ပို့မည့်ရက်မသိရသေးကြောင်း ကူညီသယ်ယူပို့ဆောင်ပေးရာတွင် ပါ၀င်သည့် တာချီလိတ်လူငယ်  တဉီးက သျှမ်းသံတော်ဆင့်အားပြောသည်။ “ထိုင်းဘက်ခြမ်းမှာ တာချီလိတ်ကိုပြန်ပို့ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်စုထားတယ်လို့သိရတယ်။ ဘယ်နေ့ပြန်ပို့မလဲဆိုတာ စောင့်ကြည့်နေပါတယ်။  ကျနော်တို့ဆီမှာရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုတော့...

ထိုင်းနိုင်ငံ မှ တာချီလိတ်သို့ပြန်ဝင်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိ

ထိုင်းနိုင်ငံ မှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၀) ကျော် ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ သြဂုတ် ၄ ရက်က ထိုင်းအာဏာပိုင်များ လွဲအပ်သော နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၄ ဦးကို တာချီလိတ် ဘက်ခြမ်းမှ ကူညီရေးအဖွဲ့က...

သျှမ်းပြည်တွင်း နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၄သောင်းကျော်ရှိ

သျှမ်းပြည်နယ်တွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သျှမ်းပြည်တွင်း ပြန်လည်ဝင်ရောက်လာသူ ၄ သောင်းကျော် ရှိပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ မှ စပြီး ဇွန် လ ထိ သျှမ်းပြည်တွင်းရှိ သက်ဆိုင်ရာ နယ်စပ်ဂိတ်မှာ တဆင့် ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်း (၄၂၉ ၉ ၅)...

နေရပ်ပြန် ရွှေ့ပြောင်းများ ၂ ကြိမ် ဓါတ်ခွဲစစ်ဆေးပြီးမှ ပြန်ခွင့်ပြု

၁၅ ရက်အတွင်း ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၀၀၀ ကျော်ရှိပြီး  ဓာတ်ခွဲခန်း နမူနာ ၂ကြိမ်စစ်ဆေးပြီးမှ သာ နေအိမ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည် ။  မေ ၂၇ ရက်မှ ဇွန် ၁၁ရက်ထိ ထိုင်းနိုင်ငံ မဲဆောက်မှ တဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ ဘက်မှ...

တာချီလိတ်တွင် ထိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦး ရောက်ရှိ

ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် ထိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦး ရောက်ရှိ ကြောင်း စုံစမ်း သိရှိရသည်။   နေရပ်ပြန် ရွှေ့ပြောင်းအုလပ်သမားများသည် ယမန်နေ့( ဇွန် ၉ ရက်) နေ့လည် ၂ နာရီမှာ တာချီလိတ် -...

Latest news