Tuesday, January 27, 2026

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ် သားသမီးများကို ခေါ်ဆောင်ကာ မိုးနဲမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိခဲ့ကြသည်။

မိုးနဲမြို့သို့ စစ်ဘေးရှောင်ပြီး ရောက်ရှိနေသည့် ၎င်းကျောင်းသား/သူ (၄၀၀) ကျော်မှာ အတန်းတင်စာမေးပွဲ ဖြေဆိုပြီးနောက် ဆရာ/မများနှင့်အတူ တိုက်ပွဲငြိမ်သက်နေသည့် နမ့်လန်မြို့သို့ နေရပ်ပြန်မည်ဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်လန်က စစ်ဘေးရှောင်တွေ မိုးနဲဘက် ရောက်တာတော့ အရင်နှစ် ၁၂ လပိုင်းကတည်းကပါ။ ဆရာနဲ့ ကျောင်းသား စုစုပေါင်း ၄၃၂ ယောက် ရှိတယ်၊ မူလတန်းကနေ အထက်တန်းထိ အရွယ်စုံပဲ။ သူတို့စာသင်ဖို့ ၄ နေရာ စီစဉ်ပေးထားတယ်၊ အခု ၂ လပိုင်းအကုန် စာမေးပွဲ ဖြေပြီးတော့ အိမ်ပြန်ကြမှာ။ စာမေးပွဲဖြေဖို့ ကျန်တာ အထက်တန်း၊ (၁၆၀) ယောက် ရှိဦးမယ်”ဟု မိုးနဲဒေသခံ စစ်ဘေးရှောင်ကူညီသူ လူငယ်တစ်ဦးက ပြောသည်။

နေရပ်ပြန်မည့် ကျောင်းသားကျောင်းသူနှင့် ဆရာ/မများ

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင်များအတွက် တည်းခိုရန် မြို့ပေါ်နှင့် ကျေးရွာရှိ ဘုန်းကြီးကျောင်း ၄ နေရာတွင် စီစဉ်ပေးခဲ့ပြီး စာမေးပွဲ ဖြေဆိုပြီးသည့် မူလတန်းနှင့် အလယ်တန်း ကျောင်းသားကျောင်းသူ (၂၇၀) နေရပ်ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စာမေးပွဲ ဖြေဆိုရန် စောင့်ဆိုင်းနေသည့် အထက်တန်း ကျောင်းသားကျောင်းသူ (၁၆၀) ကျန်ရှိပြီး ၎င်းတို့လည်း စာမေးပွဲဖြေဆိုပြီးပါက နေရပ်ပြန်မည်ဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင်တွေ စရောက်တုန်းက ကျောင်းနေအရွယ် ကလေးတွေ အများကြီး ပါတော့ မိုးနဲက လူကြီးတွေ တိုင်ပင်ပြီး နေရာစီစဉ်ပေးကြတာ။ ဒီမှာနေတဲ့ ၃/၄ လ စားသောက်ဖို့ကျတော့ မိုးနဲဒေသခံတွေရယ်၊ ရပ်နီးရပ်ဝေး အဖွဲ့ပေါင်းစုံ ကူကြတာပေါ့။ TYO ၊ သျှမ်းကျောင်းသားအဖွဲ့၊ နမ့်ခုံး ပရဟိတအဖွဲ့နဲ့ ထိုင်းတို့ ကိုးရီးယားတို့မှာ အလုပ်လုပ်တဲ့ လူငယ်တွေ ပြန်ကူကြတယ်”ဟု ၎င်းစစ်ဘေးရှောင်ကူညီသူ လူငယ်က ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလမှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်အခြေစိုက် စစ်ကောင်စီတပ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ နမ့်လန်မြို့ပေါ် လူနေရပ်ကွက်ထဲ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးပြီး ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

၎င်းနောက် နမ့်လန်မြို့နှင့် အနီးအနား ကျေးရွာများမှ ဘေးလွတ်ကင်းရာ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံမြို့အပြင် မိုးနဲမြို့နယ်ဘက်ထိ စစ်ဘေးတိမ်းရှောင် ရောက်ရှိခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့ ဆောင်းပြောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုသို့ နေရပ်စွန့်ခွာ ပြည်သူများသည် ပင်လောင်းမြို့ပေါ်နှင့် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့...

လားရှိုး စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချမှုဖြစ်ပွား

0
သျှမ်းပြည် လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရှောင်ပြည်သူများ နေအိမ်သို့ ပြန်မရောက်ခင် နေအိမ်များ ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့သို့ ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့သိမ်း တိုက်ပွဲသည် ဇူလိုင်လ ၂ရက်နေ့တွင် စတင်ခဲ့ရာ သြဂုတ်...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး...