ပင်လောင်းမြို့နယ် ဆောင်းပြောင်းစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့ ဆောင်းပြောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

ထိုသို့ နေရပ်စွန့်ခွာ ပြည်သူများသည် ပင်လောင်းမြို့ပေါ်နှင့် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့ အများစုသည် ညောင်ရွှေမြို့နယ် စံကားကျေးရွာ၊ ပင်လောင်းမြို့နယ် မှော်ဘီကျေးရွာ၊ ပင်ခွန်ကျေးရွာ၊ နန်းထာကျေးရွာ၊ ဝါးလီးကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထိုစစ်ဘေးရှောင်များထဲ သုံးပုံမှ နှစ်ပုံသည် နေထိုင်စရိတ်ခက်ခဲမှုကြောင့် ယခု ဇူလိုင်လအစောပိုင်းတွင် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလတော့ စိုးရိမ်စိတ်နဲ့ တော်တော်များများ ပြန်လာကြပြီ၊ နေအိမ်မီးရှို့ခံရတဲ့သူတွေတော့ မပြန်ကြဘူး။ နည်းနည်းငြိမ်နေတယ်၊ ဘယ်အချိန်ထဖြစ်မလဲတော့ မသိဘူး။ စစ်ရှောင်ရင်လည်း အိမ်ငှားနေရတော့ ငှားစရိတ်နဲ့ မလွယ်ဘူးလေ” ဟု အသက် ၃၀ကျော်အရွယ်ရှိ နေရပ်ပြန် ဆောင်းပြောင်းဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။

ထို့အပြင် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များသည် အခြားဒေသသို့ စစ်ရှောင်ချိန်တွင် အိမ်ခန်းငှားရမ်းနေရမှုနှင့် ဝမ်းရေးရှာစားရမှုကြောင် အခက်အခဲများဖြစ်ကာ နေရပ်ပြန်ရခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ဆောင်းပြောင်းကျေးရွာအတွင်း စစ်ရေး ငြိမ်သက်နေသော်လည်း နေရပ်ပြန်လာသူများသည် နေအိမ်အပြင်သို့ သွားလာခြင်း မပြုကြကြောင်းလည်း အသက် ၃၀ အရွယ် နေရပ်ပြန် ၎င်းအမျိုးသားက ပြောသည်။

ဆောင်းပြောင်းကျေးရွာသည် သျှမ်း-ကရင်နီ(ကယား) နယ်စပ်တွင် တည်ရှိပြီး ဒေသခံများ၏ တောင်ယာသည် နယ်စပ်တွင် ရှိနေသဖြင့် စစ်ကောင်စီမှ စိုက်ပျိုးရေးလုပ်ကိုင်ခွင့်မပြုဘဲ နေအိမ်တွင်သာ နေခိုင်းထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ကိုယ့်အိမ်ကို ပြန်လာတဲ့သဘောပဲ၊ လယ်ယာလည်းမသွားရဘူး။ စစ်ကောင်စီက စိုက်ပျိုးရေးလည်း လုပ်ခွင့်မပြုတော့ ပြန်လာပြီး နေရုံလေးပဲ။ ဘယ်မှ သွားမရဘူး၊ ရွာမှာ စစ်ပြန် ရှောင်ရသလိုပဲ”ဟု ၎င်းအမျိုးသားက ဆိုပြန်သည်။

ထို့အပြင် နေရပ်ပြန်လာသည့် ဒေသခံများသည် တိုက်ပွဲထပ်မံဖြစ်ပွားမည် စိုးရိမ်သောကြောင့် အဝတ်အစားနှင့် အသုံးအဆောင် ပစ္စည်းများကို ထုတ်ပိုးပြီး အခြားကျေးရွာရှိ အသိမိတ်ဆွေ၊ ဆွေမျိုးများ၏ နေအိမ်တွင် ထားခဲ့ရကြောင်း သိရသည်။

“ကျနော်တို့ တိုက်ပွဲပြန်ဖြစ်ရင် အထုတ်တွေ သယ်စရာ မလိုတော့အောင် မယူပြန်လာဘူး။ ရွာပြန်လာလည်း ဘာမှ လုပ်စားလို့မရဘူး။ စစ်ရှောင်ကူညီတဲ့သူတွေက တစ်အိမ်ကို ဆန် ၉ ပြည် ထောက်ပံ့တယ်။ အဲ့ဒါနဲ့ စားနေရတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသည် အိမ်ခြေ ၆၀၀ နီးပါးရှိပြီး၊ တိုက်ပွဲအတွင်း မီးရှို့ခံရသည့် နေအိမ်သည် (၉၀)ကျော်နှင့် လက်နက်ကြီးထိမှန်သည့်နေအိမ် (၄၀)ကျော် ရှိပြီး၊ ထို လက်နက်ထိမှန်သည့် အထဲတွင် စာသင်ကျောင်းများလည်း ပါဝင်ကြောင်း ဆောင်းပြောင်း ဒေသခံများ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ထိုလက်နက်ကြီးထိမှန်သည့် စာသင်ကျောင်းများကို ပထမ ဦးစားပေးအနေဖြင့် ဒေသခံများ ပြုပြင်နေကြောင်း၊ ကျောင်းပြန်ဖွင့်ရန် ပြင်ဆင်နေကြောင်းလည်း အသက် ၃၀ အရွယ်ရှိ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်သားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုတော့ ထိခိုက်သွားတဲ့ စာသင်ကျောင်းကို ဒေသခံတွေ ပြုပြင်နေကြတယ်။ ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်နေကြတုန်း။ ကျောင်းတက်မယ့် ကလေးရော ရှိသေးလားမသိဘူး။ တချို့က စစ်ရှောင်ရင်းနဲ့ တခြားနေရာမှာ ကျောင်းနေလိုက်ကြပြီ။ ကျောင်းဖွင့်လည်း ကလေးတွေ လုံခြုံပါမလား မသိဘူး”ဟု အသက် ၃၀ ကျော် PNO တပ်သားတစ်ဦးက ပြောသည်။

ဆောင်းပြောင်းကျေးရွာအတွင်း စစ်ကောင်စီတပ်သာ တပ်စွဲထားပြီး၊ PNO တပ်သည် ၎င်းဒေသတွင် တပ်စွဲမထားကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်တွင်လည်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ်တို့ ပူးပေါင်းကာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဆောင်းပြောင်းကျေးရွာ ဒေသခံများသည် စစ်ဘေးရှောင်ခဲ့ရသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...