ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။

ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

သို့သော် ၂၀၂၅ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် နေရပ်သို့ပြန်ခဲ့ကြသည်။

ထို့ပြင် ဆောင်းပြောင်းကျေးရွာအတွင်း တိုက်ပွဲကြောင့် ပျက်စီးမှုများခဲ့ပြီး တောင်ယာ နှင့် စိုက်ပျိုးရေးခြံအချို့တွင် မြေမြုပ်မိုင်းများကျန်ရှိနေပြီး ဒေသခံအချို့ စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း ဆောင်းပြောင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်ရောက်နေတာ တစ်နှစ်ပြည့်တော့မယ်။တားမြစ်ထားတဲ့ နေရာတွေ မြေမြုပ်မိုင်းရှိလို့ တောင်ယာမလုပ်နိုင်တာလည်း ရှိတယ်။မြေမြုပ်မိုင်းမရှိလောက်တဲ့ ရွာအနီးအနားလောက်မှာတော့ တောင်ယာလုပ်နေကြတယ်။မလုပ်ရင် စားဖို့မရှိကြဘူး။မြေမြုပ်မိုင်းမရှိတဲ့ အကွက်တွေဖက်မှာပဲ စိုက်ပျိုးကြတာပါ။”ဟု ဆောင်းပြောင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ ဆောင်းပြောင်းကျေးရွာ အနီးအနားရှိ တောင်ယာအတွင်းကျန်ရှိနေသေးသည့် မြေမြုပ်မိုင်းကို ယခုအချိန်ထိ တာဝန်ရှိသူများ လာရောက်ဖြေရှင်ပေးခြင်း မရှိကြောင်း ၎င်းကပြောသည်။

တိုက်ပွဲကြောင့် (၂) နှစ်ကျော်ကြာ စစ်ရှောင်ရသည့်အတွက် ဆောင်းပြောင်းကျေးရွာဒေသခံများ ပြန်လည် ရောက်ရှိသော်လည်း နေအိမ်ပြန်လည်းထူထောင်ခြင်း နှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

“ရွာကိုပြန်ရောက်တာကြာလို့လည်း စိုက်ပျိုးရေးပြန်မလုပ်နိုင်ကြသေးဘူး။စိုက်ပျိုးရမဲ့ အချိန်မှာ စစ်ပြေးရတယ် (၂) နှစ်ဆက်တိုက်ရှိပြီ။ ဆောင်ပြောင်းက စိုက်ပျိုးရေးကို အဓိကလုပ်တာ။ အဲ့တာ မလုပ်ခဲ့ရတော့ ပြန်လုပ်ဖို့ကအစစအရာရာ ခက်ခဲတာပေါ့။စားဝတ်နေရေး အတွက်တောင် အဘက်ဘက်ကနေ ကူညီကြလို့နည်းနည်းအဆင်ပြေနေတာ။”ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ယခင် ဆောင်းပြောင်းကျေးရွာသည် ဇွန်လ ၊ ဇူလိုင်လတို့တွင် စိုက်ပျိုးရေးကို စတင် လုပ်ကိုင်ကြပြီး၊ ‌ရေရှားပါးမှုကြောင့် တောင်ယာစပါး အဓိကထားစိုက်ကာ ပြောင်း နှင့် ဆီထွက်သီနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။

ဆောင်းပြောင်းကျေးရွာတွင် အိမ်ခြေ (၆၀၀) ကျော်ရှိပြီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် နီးစပ်ရာ ကျေးရွာအပြင် ပင်လောင်းမြို့ နှင့် တောင်ကြီးမြို့ပေါ်အထိထွင်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ကျေးရွာအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် မီးလောင်ခဲ့ရသည့် နေအိမ် ၅၀ ဝန်းကျင်ရှိပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

ပင်လောင်း – ဆောင်းပြောင်း – ဖယ်ခုံ လမ်းတကြောသည် စစ်ကော်မရှင်တပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ထိန်းချုပ် သွားလာမှုရှိသော်လည်း၊ ဖယ်ခုံမြို့ နောက်ခြမ်းတွင် စစ်ကော်မရှင်တပ်တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...