သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့် ပင်လောင်း၊ တောင်ကြီး၊ အေးသာယာ ဘက်သို့ လာရောက်တိမ်းရှောင်နေကြရသည်။

စစ်ဘေးရှောင်များ နေထိုင်ရာ နေရာသည် အများအားဖြင့် ချုံနွယ်များ ထူထပ်ပြီး ရေမြောင်းများ ပိတ်ဆို့နေခြင်းကြောင့် ခြင်ပေါများကာ ခြင်ကိုက်ခံရပြီး ရာသီတုတ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြကြောင်း စစ်ရှောင်များ ပြောပြချက်အရသိရသည်။

“ရှောင်လာတဲ့သူတွေတော့ ၁၀၀ နီးပါးလောက်ရှိမယ် မိုးရာသီဆိုတော့ ခြင်လည်း တအားပေါတယ်၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်တာ တုတ်ကွေး ဖြစ်တာတွေ များတယ်၊ ကလေးနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ သက်ကြီးပိုင်းတွေ ဖြစ်တာ ပိုများတယ်၊ ဆေးကုတာတော့ အဖွဲ့အစည်းက လာကုပေးတယ် စားသောက်ဖို့တော့ ကူညီပေးတဲ့သူ မရသေးဘူး။”ဟု အေးသာယာရောက် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များသည် စစ်ဘေးရှောင်တဲတွင် နေထိုင်သူနှင့် ငှားရမ်းနေထိုင်သူများလည်း ရှိပြီး စားနပ်ရိက္ခာအတွက် အကူညီများ ထောက်ပံ့ပေးစေလိုကြောင်း ၎င်းအမျိုးသားက ပြောသည်။

စစ်ဘေးရှောင်များသည် လက်ရှိ ပြောင်းရွှေ့လာခဲ့သည်မှာ လပိုင်းသာရှိပြီး နေ့စားလိုက်ရမည့်အလုပ်များ၊ နယ်မြေအခြေအနေများမသိရှိသေးသဖြင့် အလုပ်အကိုင်မရှိကြသေးကြောင်း ကလေးများလည်း ကျောင်းတက်ရန် ခက်ခဲနေသေးကြောင်း သိရဿည်။

“ ပြောင်းလာတာ မကြာသေးတော့ ဘာမှ မလုပ်ရသေးဘူး။ နေ့စားခေါ်မယ့်သူလည်းမရှိဘူး လာကူတဲ့သူလည်း မရှိတော့ စားဝတ်နေရေးခက်ခဲတယ်။ ဝင်ငွေမရှိ ထွက်ငွေပဲရှိတော့ အလုပ်လုပ်ချင်တယ်”ဟု တောင်ကြီးရောက် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ရပ်ကွက်လူကြီးအချို့နှင့် အုပ်ချုပ်ရေးမှူးများက စစ်ရှောင်များရောက်လာသည်ကို အခွင့်ကောင်းယူ၍ အိမ်ငှားခ ဈေးမြှင့်ခြင်း၊ ဧည့်စာရင်းကို နှစ်ပတ် တစ်ကြိမ်တိုင်စေပြီး ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင်း၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်လက်ပြီး စစ်ဘေးရှောင်ရောက်လာသည်နှင့် အသက်ပြည့်ပြီးသူများ ပါလျှင် စစ်မှုထမ်းရန်အတွက် ရပ်ကွက်များက စာရင်းကောက်ခံနေကြောင်းလည်း စစ်ရှောင်များ ပြောပြချက်အရသိရသည်။

“ ဝင်ငွေက မရှိ အိမ်ငှားခလည်း စျေးတက်။ ဧည့်စာရင်းကလည်း တိုင်ရင် ပိုက်ဆံပေးရတယ်။နောက်တခုက စစ်ရှောင်တွေကို အသုံးချပြီး စစ်မှုထမ်းကောက်တာပဲ။ ကျမတို့လည်း ဘယ်လာချင်မှာလဲ။” ဟု စစ်ဘေးရှောင် အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေ၍ နေရပ် ပြန်ခဲ့သူများလည်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...