ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံများသည် ပြီးခဲ့သည့် ၂၀၂၅ စက်တင်ဘာလမှ စတင်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ကြသူများ ဖြစ်သည်။

“အခုက ဖယ်ခုံ အနောက်ဘက်ခြမ်းက စစ်ရှောင်နေရာတွေက ရေတွေ ပြတ်နေကြတာ။ အကူအညီ လာတောင်းနေတဲ့ စစ်ရှောင်တွေရှိတယ်။ စစ်ရှောင်တွေ နေကြတဲ့ နေရာတွေက ရေရှားတဲ့ နေရာဖြစ်ပြီးတော့ ရေရှိတဲ့ နေရာနဲ့လည်း အလှမ်းဝေးတဲ့ နေရာပါ။ ဒါကြောင့်မလို့ သောက်သုံးရေအတွက် အခက်အခဲတွေ ကြုံတွေ့ကြရတာ”ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်များ တိမ်းရှောင်နေသည့် နေရာနှင့် ရေရရှိသည့် နေရာသည် ကား၊ ဆိုင်ကယ်ဖြင့် ၂ နာရီနီးပါး သွားပြီး သယ်ယူရကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ထပ်လောင်းပြောသည်။

“ကျနော်တို့နဲ့ မနီးမဝေးမှာရှိတဲ့ စစ်ရှောင်တွေဆိုရင် ရေရှိတဲ့နေရာနဲ့ ဝေးတယ်။ သူတို့အတွက်ဆိုရင် ကားတွေနဲ့ ရေသယ်ကူပေးရတယ်၊ သူတို့နေနေတဲ့ နေရာက ရေရှားလို့လေ။ သောက်သုံးဖို့ရေကို ၂ နာရီဝန်းကျင်လောက် ဝေးတဲ့ နေရာမှာ သွားသယ်ကူရတာ”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထိုစစ်ဘေးရှောင်များသည် သောက်သုံးရေ ပြတ်လပ်ပြီး အခက်အခဲများ ကြုံတွေ့နေရသည့် အပြင် ဆေးဝါးစောင့်ရှောက်မှု အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ တိုက်ပွဲများကြောင့် ကျေးရွာ (၁၀) ရွာခန့်မှ ဒေသခံ ၆၀၀၀ ဝန်းကျင်သည် နီးစပ်ရာ ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ကျေးရွာများမှာ ဘောရန်(အပေါ်)၊ ဘောရန်(အောက်)၊ ထီတမောင်း၊ ရေအေးကုန်း၊ လွယ်လုံ၊ ကသဲ၊ တောင်စလုံး၊ မြောက်စလုံးနှင့် ရေချမ်းကျေးရွာများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...