မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး ဒေသခံများ ဘေးလွှတ်ရာသို့ ထပ်ံ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် သျှမ်း-ကယားနယ်စပ် ဖယ်ခုံဘက်တွင်လည်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က အင်အားအလုံးရင်း ဖြည့်တင်း၍ စစ်ကြောင်းထိုးမှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

“မိုးဗြဲနဲ့ ဖယ်ခုံ တကြောဘက်ဆို စစ်တပ်နဲ့ က စစ်ကြောင်း မသွားတဲ့ ရက်မရှိဘူး၊ စိုက်ခင်းထဲ ရှိနေချိန် လက်နက်ကြီး၊ ဒရုန်းတွေ ထပေါက်ကွဲတာ ဒဏ်ရာ ရတဲ့ သူမရှိလို့ တော်သေးတယ်၊ ညလည်း ပစ်နေတာပဲ စိတ်က မလုံခြုံတော့ ရှိတာ အကုန်ထားခဲ့ပြီး ထွက်ပြေးရတာ၊ အသက်ထက် ဘာမှ အရေးမကြီးဘူး ဆိုပြီး ထားပစ်ခဲ့တာ။”ဟု စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ စစ်ရှောင်ပြေးရာတွင်လည်း ဒေသတွင်း စစ်ကော်မရှင်တပ်ဂိတ်နှင့် PNO ဂိတ်များတွင်လည်း စစ်ဆေးမှုများ တင်းကြပ်ထားကြောင်းနှင့် ငွေကြေးများလည်း တောင်းနေကြောင်း ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းတပ်တို့သည် တော်လှန်ရေးလက်နက်ကိုင်များနှင့် ထိတွေ့တိုက်ပွဲ များလည်း ဖြစ်နေသောကြောင့် စစ်ရေးအခြေနေ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

အလားတူ ပင်လောင်းဘက်တွင်လည်း စစ်ကော်မရှင်တပ်နှင့် PNO တို့က အင်အားများ ဖြည့်တင်းနေပြီး ဖယ်ခုံ-မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးနေ၍ စစ်ရေးအခြေနေ တင်းမာနေသောကြောင့် သတိရှိရှိ နေစေလိုကြောင်း ပင်လောင်း ဒေသခံ ခွန်မျိုးက ပြောသည်။

“အဓိကတော့ ဆောင်းပြောင်း၊ နန်းနိမ့် တို့ တောင်စလုံး မြောက်စလုံးဘက်က ပိုသတိထားစေချင်တယ်၊ အဲဘက်ကို နေ့တိုင်းစစ်ကြောင်း သွားတယ်၊ တစ်ခါသွားရင် တစ်ရာလောက်ရှိတယ်၊ အင်အားဖြည့်ရင်လည်း ကား ဆယ်စီးအထိ လူလာချသွားတယ်။စစ်ပွဲတွေ ထပ်မဖြစ်ပါစေနဲ့ ဆုတောင်းနေရတာပေါ့၊ စစ်ဆိုရင် ဘယ်စစ်မှ မကောင်းဘူး ပြည်သူတွေက ပိုနစ်နာရတယ်။”ဟု အဆိုပါ ခွန်မျိုးက ပြောသည်။

ပြီးခဲ့သည့် ( ဇွန်လ ၁၅ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မိုးဗြဲမြို့ အရှေ့ခြမ်း ကောင်ဝှက်ကျေးရွာ အနီးကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ၎င်းတို့အတွက် အရေးပါသည့် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရန်ဖိအားပေး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲအနောက်ဘက်ခြမ်း စစ်တပ်က စစ်ကြောင်းထိုး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေပြီး၊ စစ်ရှောင်များတည်ရှိသည့် နေရာများကို ဉီးတည်ကာ လေကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိတယပတ်မှစပြီး မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထို့အပြင်...