ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။

ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ကားဖြင့် သယ်ယူနေကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် စနိုက်ဘာ ရှေ့တန်းရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူတွေ စစ်ရှောင်နေတော့ အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကို သူတို့ ဝင်ပြီး ယူတာ။မနေ့ (ဇွန်လ ၂၁ရက်)ကလည်းရွာထဲ ဝင်ပြီးယူတယ်။သူတို့နဲ့ နီးနေတော့ မြင်နေရတယ်။ တောင်စလုံးရွာ နားမှာလည်း ကာကင်းတွေလည်းလုပ်နေတာ။”ဟု စနိုက်ဘာ ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ နေအိမ်များတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းများနှင့် အိမ်ခေါင်မိုးများကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကားဖြင့် သယ်ယူသွားပြီး အချို့ကို ရောင်းချခြင်း၊ အချို့ကို ကာကင်း တည်ဆောက်ရာ တွင် ပြန်လည်အသုံးပြုနေကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင်လည်း တောင်စလုံးကျေးရွာ အနီးတွင် စစ်ကောင်မရှင်တပ်ဖွဲ့တို့ နှင့် ကရင်တော်လှန်ရေး တပ်ပေါင်းစုတို့ စစ်ရေးတင်းမာနေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသည့် ကျေးရွာအချို့ နှင့် တောတောင်အတွင်းကို စစ်ကောင်မရှင်တပ်ဖွဲ့က ၅ ကြိမ်းထပ်မနည်း လေကြောင်းတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့တို့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းကြောင့် ဒေသခံများ အနီးအနားရှိ ကျေးရွာများ နှင့် တောတောင်အတွင်း စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

“ရွာထဲမှာလည်း မီးရှို့ခံထားရတော့ ဘာမှကို ရစရာမရှိဘူး။ ဒေသခံတွေက ရွာကိုလည်း မပြန်နိုင်သေးဘူး။ ခုသူတို့ ကရင်နီနယ်စပ် အနီးက ရွာတွေမှာ စစ်ရှောင်ကြတာ။” ဟု စနိုက်ဘာ ရှေ့တန်းရဲဘော်တစ်ဉီးက ပြောသည်။

လက်ရှိ ဖယ်ခုံမြို့ တောင်စလုံးကျေးရွာဒေသခံ ၁၀၀၀ ကျော်သည် ကရင်နီပြည်နယ် နယ်စပ်အနီးရှိ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြသကဲ့သို့ အချိ့သည် ပင်လောင်းမြို့နယ်ဘက်သို့ တိမ်းရှောင်သွားကြကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃) ရက် နှင့် ဒီဇင်ဘာလ (၂) ရက်တွင် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် တောင်စလုံးကျေးရွာ အပြင် ဘောရန်ကျေးရွာ ၊ မြောက်စလုံးကျေးရွာ နှင့် စသည့် အနီးအနားရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်တပ်ဖွဲ့တို့ နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၈ လကျော်ကြာ တိုက်ပွဲများကြောင့် ဖယ်ခုံမြို့ အနောက်ခြမ်း ကျေးရွာ (၁၀) ရွာခန့်မှ နီးစပ်ရာ ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံ ၆၀၀၀ ဝန်းကျင်သည် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...