Tuesday, April 16, 2024

ပအိုဝ်းပြည်သူ့စစ်

ပင်လောင်းမြို့နယ် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ  စောင့်ဆိုင်းရမည်ဟု PNO အမိန့်ထုတ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျေးရွာလုံခြုံရေးအတွက် ဒေသခံများကို ၂၄နာရီအတွင်း  ဂိတ်ဆောက်လုပ်ခိုင်းပြီး စောင့်ဆိုင်းရန် အမိန်စာထုတ် ပြန်ခဲ့ကြောင်း သတင်းသိရှိရသည်။ အဆိုပါ အမိန့်ထုတ်ပြန်စာစောင်ကို (မတ်လ ၂၅) ရက်က ထုတ်ပြန်ခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၏ လုံခြုံရေးကို ဒေသခံများအနေဖြင့် ရွာအဝင်အထွက်ကို ၂၄နာရီ ဂိတ်ဆောက်လုပ်ခိုင်းပြီး ဂိတ်စောင့်ခိုင်းကြောင်း၊ မစောင့်ဆိုင်းနိုင်ပါက တစ်ရက်လျှင် ကျပ် (၂၀,၀၀၀) ဒဏ်ငွေဆောင်ရန် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသည်။ “ ရွာအဝင် သံပန်းနဲ့တောင် လုပ်ခိုင်းတယ်။ PNO ကကျည်ဆံ ဝယ်ဖို့လည်း တစ်အိမ်ကို ၆ သောင်း ကောက်တယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး “ ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အလားတူ ပြည်သူ့စစ်တပ်ဖွဲ့ PNO အသုံးပြုရန် ကားဝယ်ဖို့အတွက် တစ်အိမ်ကို ကျပ်ငွေ ၂၀၀၀ နှင့် ရေပိုက်ဝယ်ရန် ကျပ်ငွေ ၅၀၀ မထည့်မနေရကောက်ခံမည်ဖြစ်ကြောင်း၊ ယခု (မတ်လ ၃၀) ရက်နောက်ဆုံးထားပြီး ထည့်ပေးရန် ရေးသားဖော်ပြထားသည်။ ထို့အပြင် ဒေသခံများအနေဖြင့် ရွာလုံခြုံရေးအတွက် ဂိတ်ဖွင့်ပြီး စောင့်ဆိုင်းရန်၊ ကျည်ဆံဖို့အတွက် ပိုက်ဆံ ထည့်ရန် ငွေရေးကြေးရေး အခက်ခဲရှိနေကြောင်း သိရသည်။ “ ဒီလိုအချိန်က ပိုက်ဆံရှာရခက်တဲ့အချိန်လေ။ အခုနောက်ပိုင်း PNO က ခေါင်းစဥ်အမျိုးမျိုးနဲ့ ပြည်သူဆီ ပိုက်ဆံကောက် တယ်” ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။  PNO သည် စစ်ကောင်စီ၏ လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ လက်ရှိ သျှမ်း-ကရင်နီ( ကယားပြည်) ဘက်...

ကရင်နီ နဲ့ ပအိုဝ်းကြား ပဋိပက္ခ ကြီးထွားအောင် စစ်ကောင်စီလုပ်နေ

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တောင်ကြီးမြို့နယ် ကံကြီးရပ်ကွက် တပေါင်းကွင်းမှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO/PNA ရဲ့ ညွှန်ကြားမှု နဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုကတော့ KNDF / PDF မလိုအပ်ကြောင်း ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်းမှာ...

ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်ကို စစ်ကောင်စီ နှင့် PNO စစ်ဆေးမှုကြမ်းနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO/PNA) တပ်ဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်နေပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီ တပ်စခန်းကို ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် PNO တို့က...

ဒေသလုံခြုံရေး အကြောင်းပြ စစ်ကောင်စီ အတွက် တပ်သားစုပေး

“PNO က စစ်သားကောက်မယ်ဆိုတဲ့ သတင်းကြောင့် ကျနော် အခု တောင်ကြီးမြို့ပေါ် ရှောင်လာတာ။ ကျနော့်သူငယ်ချင်းတွေလည်း ရွာထဲမှာ မရှိတော့ဘူး” အသက် ၂၂ အရွယ်ရှိ ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက လက်ရှိ အခြေအနေကို ပြောပြလာပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်လို့လည်းခေါ် ပအိုဝ်းပြည်သူ့စစ်လို့လည်း လူသိများတဲ့ (PNO) ဟာ တောင်ကြီးခရိုင်အတွင်းရှိ...

တောင်ကြီးခရိုင် PNO/PNA မှ သျှမ်းလူမျိုးအပါအ၀င် စစ်သားသစ်စာရင်း လိုက်လံကောက်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) တို့မှ သျှမ်းလူမျိုးအပါအဝင် အရပ်သားပြည်သူ လူငယ်များ စစ်သားလုပ်ရန် ညွှန်ကြား စေခိုင်းမှုများ ရှိနေကြောင်း သတင်းသိရသည်။တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို PNO အဖွဲ့မှ အစည်းအ၀ေးခေါ်ဆိုကာ...

စစ်ရှောင်ပြည်သူများကို PNA နှင့် စစ်ကောင်စီ က တားမြစ်ပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံဘက်မှ စစ်ရှောင်ပြည်သူများကို စစ်ဆေးရေးဂိတ်စောင့် PNA နှင့် စစ်ကောင်စီ တပ်သားများက စစ်ရှောင်ခွင့် မပေးဘဲ တားမြစ်ပိတ်ပင်နေကြောင်း စုံစမ်းသိရသည်။သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် လွယ်လုံကျေးရွာရှိ လွယ်တုံတောင်ခြေအနီး စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ စစ်သားနှင့် PNA တပ်သားများသည် စစ်ရှောင်ပြည်သူများကို တားမြစ်ခြင်းဖြစ်ကြောင်း သတင်း သိရသည်။ ...

Latest news