စစ်သုံ့ပန်းများကို ပစ်သတ်ခြင်းမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် PNO ကငြင်းဆို

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးတွဲလှုပ်ရှားနေသည့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA)မှ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄ ဦးအား လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့သော သက်သေမှတ်တမ်း ရုပ်သံဖိုင်တွင် ၎င်းတို့က ပစ်သတ်ခြင်း မရှိကြောင်း ပြောသည်။

ပအိုဝ်းပြည်သူ့စစ် (PNO/PNA) မှ ဖမ်းမိထားသည့် PNLA တပ်ဖွဲ့ဝင် ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့သော သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ရုပ်သံဖိုင်နှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)က ပစ်သတ်ခဲ့ခြင်းမဟုတ်ကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO/PNA)မှ ဗိုလ်မှူး သန်းကြွယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မဟုတ်ပါဘူး၊ သေချာကြည့်လိုက်ပါဦး။ အဲ့မှာ PNO ရဲ့ဘတ်တံဆိပ် ဟုတ်၊ မဟုတ် ပစ်တဲ့လူကို ကြည့်လိုက်ဦး။ ပြီးတော့ တပ်ကလည်း လျှာထုတ်ဦးထုပ်ကို ပြောင်းပြန်ဆောင်းပြီး ပစ်တာမရှိပါဘူး။ PNO ဘတ်တံဆိပ် ပါ၊ မပါ ပြောပြတာ။ အဲ့ပစ်တဲ့သူက စစ်တပ်ရဲ့ ဘတ်တံဆိပ်ကြီး၊ ကြည့်ကြည့်လေ။ တစ်ခါတစ်လေကျရင် သေချာလေး ကြည့်ပြီး ပြောစေချင်တာပေါ့ဗျာ” ဟု ဗိုလ်မှူး သန်းကြွယ်က ပြောသည်။

စစ်သုံ့ပန်းများကို ပစ်ခတ်သတ်ဖြတ်သည့် ရုပ်သံဖိုင်ကို PNLA က ဖမ်းမိသည့် စစ်ကောင်စီတပ်သား တစ်ဦးထံမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုစစ်သုံ့ပန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်များ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖမ်းမိသုံ့ပန်းက ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

ပစ်ခတ်ခံရသည့် စစ်သုံ့ပန်းများသည် ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်၌ ဆီဆိုင်မြို့နယ် ထီစုံရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခံရသော PNLA တပ်ဖွဲ့ဝင်များဖြစ်ပြီး စုစုပေါင်း ၅ ဦး ဖမ်းဆီးခံရသည့်အနက် တစ်ဦးအား သီးခြားနေရာ၌ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

“ဗွီဒီယိုထဲမှာ အနောက်ကနေ ပစ်တဲ့သူက စစ်ကောင်စီ ဝတ်စုံကိုဝတ်ထားတဲ့လူဆိုပေမယ့် စစ်သုံ့ပန်းရဲ့ ထွက်ဆိုချက်အရ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က အတူတူပစ်သတ်ခဲ့တယ်လို့ ကျနော်တို့ သတင်းအတိအကျ ရပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ရွာအလည် ပြန်သည့် PNLA တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးကြောင်း PNLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအား ပစ်သတ်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လက်ရှိ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့ကို ခရိုနီတစ်ဦးဖြစ်သော ပတ္တမြားနဂါးကုမ္ပဏီနာယက ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးနေဝင်းထွန်းက ဦးဆောင်နေပြီး စစ်ကောင်စီနှင့် ဗိုလ်မှူးကြီးနေဝင်းထွန်း ခိုင်းသမျှ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့က လုပ်ဆောင်နေရသည်ဟု ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...