Wednesday, January 28, 2026

စစ်သုံ့ပန်းများကို ပစ်သတ်ခြင်းမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် PNO ကငြင်းဆို

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးတွဲလှုပ်ရှားနေသည့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA)မှ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄ ဦးအား လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့သော သက်သေမှတ်တမ်း ရုပ်သံဖိုင်တွင် ၎င်းတို့က ပစ်သတ်ခြင်း မရှိကြောင်း ပြောသည်။

ပအိုဝ်းပြည်သူ့စစ် (PNO/PNA) မှ ဖမ်းမိထားသည့် PNLA တပ်ဖွဲ့ဝင် ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့သော သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ရုပ်သံဖိုင်နှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)က ပစ်သတ်ခဲ့ခြင်းမဟုတ်ကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO/PNA)မှ ဗိုလ်မှူး သန်းကြွယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မဟုတ်ပါဘူး၊ သေချာကြည့်လိုက်ပါဦး။ အဲ့မှာ PNO ရဲ့ဘတ်တံဆိပ် ဟုတ်၊ မဟုတ် ပစ်တဲ့လူကို ကြည့်လိုက်ဦး။ ပြီးတော့ တပ်ကလည်း လျှာထုတ်ဦးထုပ်ကို ပြောင်းပြန်ဆောင်းပြီး ပစ်တာမရှိပါဘူး။ PNO ဘတ်တံဆိပ် ပါ၊ မပါ ပြောပြတာ။ အဲ့ပစ်တဲ့သူက စစ်တပ်ရဲ့ ဘတ်တံဆိပ်ကြီး၊ ကြည့်ကြည့်လေ။ တစ်ခါတစ်လေကျရင် သေချာလေး ကြည့်ပြီး ပြောစေချင်တာပေါ့ဗျာ” ဟု ဗိုလ်မှူး သန်းကြွယ်က ပြောသည်။

စစ်သုံ့ပန်းများကို ပစ်ခတ်သတ်ဖြတ်သည့် ရုပ်သံဖိုင်ကို PNLA က ဖမ်းမိသည့် စစ်ကောင်စီတပ်သား တစ်ဦးထံမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုစစ်သုံ့ပန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်များ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖမ်းမိသုံ့ပန်းက ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

ပစ်ခတ်ခံရသည့် စစ်သုံ့ပန်းများသည် ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်၌ ဆီဆိုင်မြို့နယ် ထီစုံရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခံရသော PNLA တပ်ဖွဲ့ဝင်များဖြစ်ပြီး စုစုပေါင်း ၅ ဦး ဖမ်းဆီးခံရသည့်အနက် တစ်ဦးအား သီးခြားနေရာ၌ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

“ဗွီဒီယိုထဲမှာ အနောက်ကနေ ပစ်တဲ့သူက စစ်ကောင်စီ ဝတ်စုံကိုဝတ်ထားတဲ့လူဆိုပေမယ့် စစ်သုံ့ပန်းရဲ့ ထွက်ဆိုချက်အရ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က အတူတူပစ်သတ်ခဲ့တယ်လို့ ကျနော်တို့ သတင်းအတိအကျ ရပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ရွာအလည် ပြန်သည့် PNLA တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးကြောင်း PNLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအား ပစ်သတ်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လက်ရှိ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့ကို ခရိုနီတစ်ဦးဖြစ်သော ပတ္တမြားနဂါးကုမ္ပဏီနာယက ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးနေဝင်းထွန်းက ဦးဆောင်နေပြီး စစ်ကောင်စီနှင့် ဗိုလ်မှူးကြီးနေဝင်းထွန်း ခိုင်းသမျှ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့က လုပ်ဆောင်နေရသည်ဟု ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...