မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ရဲဘော်အချို့နှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း RCSS သတင်းနှင့်ပြန်ကြားရေး Tai Freedom မီဒီယာတွင် ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပူးပေါင်းရန်လာရောက်ခဲ့သည့် PNLA တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို RCSS တာဝန်ရှိသူများက လက်ခံကြိုဆိုကာ အားပေးစကား ပြောဆိုပြီး စုစုပေါင်း (၇၈) ဦးအတွက် တစ်ဦးလျှင် ကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း RCSS ထုတ်ပြန်ချက်အရ သိရသည်။

“အဖွဲ့အစည်းထဲမှာ ရေရှည်ရပ်တည်ဖို့ ခက်လာတဲ့သဘောလို့ မြင်တယ်။ ရန်သူ့ဘက်က ထွက်ပေါက်မပေးတော့တဲ့အချိန် နီးစပ်ရာကို အားကိုးရှာတဲ့အနေနဲ့ ရဲဘော်တွေက မိသားစုအတွက် ရှင်သန်ရေးလမ်းကြောင်း ရွေးချယ်လိုက်တဲ့ သဘောပါပဲ။ မိခင် အဖွဲ့အစည်း ရပ်တည်ချက်နဲ့ ရဲဘော်တွေရဲ့ ရပ်တည်ချက်က သပ်သပ်စီ ဖြစ်သွားတာပေါ့” ဟု သျှမ်းပြည်တောင်ပိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ (ဓာတ်ပုံ-Tai Freedom)

၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ် ပြောင်းရွှေ့အခြေစိုက်သည့် မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို အာဏာသိမ်းစစ်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် PNLA နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် မောက်မယ်မြို့နယ်ရှိ ဟံးဗွာရွာ၊ နောင်ထောဝ်ရွာ၊ ဗန်းမတ်ကျေးရွာမှ ပြည်သူ တစ်ထောင်ခန့် နားဟီးကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါးအကူအညီများ၊ စားနပ်ရိက္ခာများနှင့် သောက်သုံးရေများ လိုအပ်လျက်ရှိကာ ၎င်းတို့ နေအိမ်အများစုလည်း မီးရှို့ခံထားရသောကြောင့် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

လက်ရှိ ကဒူးကြီးဒေသတွင် PNO ပြည်သူ့စစ်ဘက်မှ နေရပ်ပြန် စစ်ဘေးရှောင်များကို စစ်မှုထမ်းခေါ်ယူနေပြီး ငွေကြေးကောက်ခံမှုများလည်း ရှိနေကြောင်း၊ မြေမြှုပ်မိုင်းအန္တရာယ်လည်း ရှိနေသေးသဖြင့် နေရပ်မပြန်သေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

အလားတူ ဆီဆိုင်တိုက်ပွဲ ဖြစ်ပွားစဉ်ကလည်း RCSS ထိန်းချုပ်နယ်မြေထဲ စစ်ဘေးရှောင်လာသည့် ပအိုဝ်းတိုင်းရင်းသားများကို RCSS တာဝန်ရှိသူများ လက်ခံကြိုဆိုပြီး စားဝတ်နေရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြောင်း Tai Freedom မီဒီယာတွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...