7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး RCSS အတွင်းရေးမှူး(၁) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ် (၈) ဦးတို့သည် အသွင်ပြောင်း စစ်အစိုးရ အသစ်ဖွဲ့စည်းပေးထားသည့် NSPNC ၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်ကာ အလွတ်သဘော ဆွေးနွေးညှိနှိုင်းနေကြောင်း 7 EAO Alliance ဘက်မှ သတင်းထုတ်ပြန်လာသည်။

အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို စစ်အစိုးရဘက်မှ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြီးခဲ့သည့် ဧပြီလ (၂၁) ရက်တွင် စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က တရားဝင် ဖိတ်ခေါ်ခဲ့ခြင်းကို ကြိုဆိုကြောင်း 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းမှ အလွတ်သဘော အစည်းအဝေး၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“7 EAO အနေနဲ့လည်း အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း ဖိတ်ခေါ်ချက်အပေါ် သက်ဆိုင်ရာ တစ်ဖွဲ့ချင်းအတွင်းမှာ ဆွေးနွေးခဲ့သလို 7 EAO ရဲ့ ဦးဆောင်အဖွဲ့မှာလည်း အကျေအလည် ဆွေးနွေးခဲ့ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးဖို့ သဘောထား ချမှတ်နိုင်ခဲ့ပါတယ်” ဟု RCSS ဗိုလ်မှူးကြီး စိုင်းငင်း က ဆက်ပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ရန် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက် မထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး ရည်ရွယ်ပြီး တရားဝင်ဖိတ်ခေါ်ခြင်း ပြုလုပ်ပြီးနောက် NSPNC က 7 EAO တစ်ဖွဲ့ချင်းအလိုက်၊ အစုအဖွဲ့အလိုက် စာဖြင့် ထပ်မံဖိတ်ခေါ်ရုံသာမက ကိုယ်စားလှယ်စေလွှတ်ပြီး ရှင်းပြခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိ အခြေအနေများနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့ကို ရည်မှန်းသည့် သဘောထားရှိကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က ထည့်သွင်းပြောကြားသည်။

အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူး အတင်းရယူထားသည့် ဦးမင်းအောင်လှိုင်သည် ရက်(၁၀၀) စီမံကိန်းကို ဧပြီလ ၂၀ ရက်တွင် ကြေညာခဲ့ပြီး NCA လက်မှတ်ထိုးထားသော EAO များနှင့် NCA လက်မှတ်မထိုးထားသော EAO များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ပြီး PDF အဖွဲ့များကို လက်နက်ချ ပူးပေါင်းရန် သွေးခွဲဖိတ်ခေါ်ခဲ့သည်။

အခြားတစ်ဖက်တွင် စစ်အစိုးရ၏ ရက် (၁၀၀) ငြိမ်းချမ်းရေး စီမံကိန်း စတင်သည့် ဧပြီလ (၂၀) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှု (၂၇၈) ကြိမ်ထက်မနည်း ရှိခဲ့ပြီး အရပ်သားပြည်သူ (၁၃၄) ယောက် သေဆုံးကာ (၂၅၆) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း DVB သတင်းဌာနမှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ပြီးခဲ့သည့် မေလ (၂၇) ရက်တွင် နမ့်စန်မြို့နယ်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ရန် ရောက်ရှိနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့အား အာဏာသိမ်းစစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ပျံသန်းခြိမ်းခြောက်မှု (၆) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း RCSS သတင်းပြန်ကြားရေးဌာန Tai Freedom မီဒီယာတွင် ဖော်ပြသည်။

ရက်(၁၀၀) ငြိမ်းချမ်းရေးစီမံကိန်းတွင် ပါဝင်ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခံထားသော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် မကိုက်ညီသည့် လုပ်ရပ်များကြောင့် နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဆက်လက်ပြောဆိုခဲ့ကြောင်း Tai Freedom မီဒီယာမှ မေလ (၂၈) ရက်တွင် ဖော်ပြထားသည်။

အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် NSPNC မှ ငြိမ်းချမ်းရေးဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) မိုင်းလားတပ်ဖွဲ့တို့ကို တရားဝင် ဖိတ်ခေါ်ထားကြောင်း သိရသော်လည်း မည်သည့်အချိန်တွင် တွေ့ဆုံဆွေးနွေးမည်ကို မသိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

စစ်သားသစ်ရရှိရေးအတွက် လဝကအချက်အလက်များကို အသုံးပြုရန် စစ်ကော်မရှင် ညွှန်ကြား

0
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်စာရင်းကို တိကျစွာရရှိစေရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ၏ ဒေတာအချက်အလက်များကို အခြေခံ၍ မှတ်ပုံတင်ရန် ညွှန်ကြားလိုက်သည်။ ယမန်နေ့ (မေလ ၁၄ ရက်)က နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေး၌ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...