SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်သည့် SSPP/SSA ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရဘက်မှ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်အစိုးရလက်အောက်ခံ သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် “NCA Plus” ကဲ့သို့ အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လျာထားကြောင်း၊ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို စောင့်ကြည့်တားဆီးရန် SSPP နှင့် ဆက်သွယ်ဆောင်ရွက်လိုကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ချဉ်းကပ်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရန် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် က ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် SSPP ဒုဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုအပ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ကြောင်း၊ ဖြစ်နိုင်သည့် ကိစ္စများကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ပြီး အတိတ်ကို သင်ခန်းစာယူကာ ယုံကြည်မှု တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း စစ်အစိုးရလက်အောက်ခံ မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

စစ်အစိုးရ ပြန်လည်ဖွဲ့စည်းထားသည့် NSPNC နှင့် SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

SSPP နှင့် NSPNC နှစ်ဘက်တွေ့ဆုံမှုအတွင်း တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသော ပြည်ထောင်စု ပေါ်ထွန်းရေး၊ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ ကူညီဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်အစိုးရဘက်မှ ထုတ်ပြန်သည်။

အလားတူ NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်က SSPP ဘက်မှ ဆွေးနွေးသည့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ယခင်က နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ မြေပြင်အခြေအနေနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်ဘက်တပ်များအကြား အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပွားလာပါက တွေ့ဆုံညှိနှိုင်းပြီး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရေး၊ အပစ်အခတ်ရပ်စဲမှု အခြေအနေကို လေ့လာစောင့်ကြည့်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများ၊ နယ်မြေကျော်လွန်ခြင်းကိစ္စများကို ချက်ချင်းဖြေရှင်းနိုင်မည့် အဖွဲ့စုံပါဝင်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းရန်လည်း ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင်လည်း RCSS အတွင်းရေးမှူး(၁) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ် (၈) ဦးတို့သည် စစ်အစိုးရလက်အောက်ခံ NSPNC ၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်ကာ အလွတ်သဘော ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း 7 EAO Alliance ဘက်မှ သတင်းထုတ်ပြန်ထားသည်။

အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် NSPNC မှ ငြိမ်းချမ်းရေးဆွေးနွေးရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) မိုင်းလားတပ်ဖွဲ့တို့ကို တရားဝင် ဖိတ်ခေါ်ထားကြောင်း သိရသည်။

SSPP/SSA ၊ UWSA နှင့် NDAA တပ်ဖွဲ့တို့သည် ပြည်နယ်အဆင့်-ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...