သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် ညှိနှိုင်းရေးကော်မတီဝင်များနှင့် LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊ ဒုဥက္ကဋ္ဌ ကျာဖူး၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ တွဲဖက်အတွင်းရေးမှူး ဖြစ်ကြသည့် နာဒေါရှာနှင့် နာမေသဇင်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

LDU တပ်ဖွဲ့သည် 7 EAO Alliance မဟာမိတ်အဖွဲ့ဝင် ဖြစ်ခြင်းကြောင့် စုပေါင်းဆွေးနွေးပွဲများတွင်လည်း ဆွေးနွေးခဲ့ဖူးကြောင်း၊ တစ်ဖွဲ့ချင်း လိုလားချက်နှင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် Bilateral ထပ်မံဆွေးနွေးခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA အပြင် မည်သည့်လမ်းကြောင်းနှင့်မဆို ထိတွေ့၍ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်း၍ရကြောင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

LDU ဥက္ကဋ္ဌ ကျာဆော်လမွန်က စစ်အစိုးရ၏ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက် မထားသည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ကြိုဆိုပါကြောင်း၊ ကြိုတင်ကန့်သတ်ချက် မထားသည့် ဆွေးနွေးပွဲများတွင် ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စစ်အစိုးရလက်အောက်ခံ သတင်းစာများတွင် ဖော်ပြသည်။

NSPNC နှင့် LDU နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမှုအတွင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေး၊ ကော်ဖီနည်းပညာ ပံ့ပိုးပေးမှုနှင့် မျိုးစေ့၊ သွင်းအားစုရရှိရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရေးနှင့် လျှပ်စစ်မီး၊ ရေရရှိရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု မရှိစေရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်သည်။

ထို့အပြင် NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် က ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးရုံးအတွက် ဆွေးနွေးတင်ပြချက်များကို ပြန်လည်ရှင်းလင်းခဲ့ပြီး နှစ်ဖက်ဆွေးနွေးချက်များကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေသည့် ကျာဆော်လမွန်၊ ကျာဖူးနှင့် ကျာယာကုပ် တို့ကို LDU ဗဟိုကော်မတီမှ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ကတည်းက လုပ်ငန်းတာဝန်နှင့် ရာထူးများမှ ရပ်စဲထားကြောင်း သိရသည်။

သို့သော် LDU အဖွဲ့အစည်းအမည်ကို ဆက်လက်သုံးစွဲကာ သီးခြားလုပ်ရှားမှုများ၊ စစ်ကောင်စီအသွင်ပြောင်း စစ်အစိုးရနှင့် အစည်းအဝေးများ တက်ရောက်ခြင်း၊ NCA ဆက်လက်စွဲကိုင်ထားသည့် အပစ်ရပ်အဖွဲ့များနှင့် အစည်းအဝေး တက်ရောက်ခြင်းတို့ကြောင့် LDU အဖွဲ့အဝင်း တရားဝင်မှုနှင့် ပတ်သက်၍ လားဟူခေါင်းဆောင်များနှင့် ပြည်သူများအကြား အငြင်းပွားမှု ဆက်ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...