“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။

သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ (ခ) စဝ်နွဲ့ ဉီးဆောင်ပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နမ့်ကျွက်ချောင်းဘေးတွင် မျိူးချစ်လူငယ် “နွံစစ်ဟန်” ၃၁ ဉီးနှင့်အတူ သွေးသစ္စာရေသောက်ပြီး တော်လှန်ရေးကို သမိုင်းဝင် စတင်ဆင်နွှဲခဲ့သည်။

ထိုတော်လှန်ရေး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိပြီး (၁၀)နှစ်အကြာ နိုင်ငံရေး ရှုပ်ထွေးလာခြင်း၊ ဗမာစစ်တပ် လုပ်ရပ်ကို ကြည့်ပြီး ငြိမ်းချမ်းသည့် နည်းလမ်းနှင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်တော့သဖြင့် စတင်လာရခြင်း ဖြစ်သည်။

ထိုတော်လှန်ရေးသည် ယနေ့ (၂၀၂၆ မေလ ၂၁ ရက်)တွင် သျှမ်းတော်လှန်ရေး “၆၈”နှစ် ပြည့်လာပြီ ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးအပေါ် ပြည်သူလူထုအချို့က နားလည်မှု မရှိခြင်း၊ တော်လှန်ရေးသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့်သာ သက်ဆိုင်ပြီး ဝင်ရောက်ကူညီ တာဝန်ယူရန် ပျက်ကွက်မှုများ ရှိခဲ့ကြောင်း၊ အမှန်တကယ်တွင် ရေနှင့် ငါးကဲ့သို့ နေထိုင်ပြီး တော်လှန်ရေးကို လူထုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပူးတွဲ တာဝန်ယူရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ထောက်ပြထားသည်။

“တော်လှန်ရေး လုပ်တဲ့သူတွေက နားမလည်၊ မလုပ်တတ်တဲ့အတွက် တော်လှန်ရေးတပ်နဲ့ လူထုကို သခင်နဲ့ ကျွန်လို ပြုမူဆောင်ရွက်စေခဲ့ပါတယ်။ စော်ဘွားခေတ်က နည်းလမ်းများအတိုင်း လုပ်ဆောင်ခဲ့တယ်။ ထို့ကြောင့် တော်လှန်ရေး အဓွန့်ရှည်ရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်၏ သဝဏ်လွှာထဲတွင် ဆိုထားသည်။

အချို့ခေါင်းဆောင်၊ အချို့အဖွဲ့အစည်းများသည် မျိုးချစ်စိတ်သာ ရှိပြီး တော်လှန်ရေး နည်းလမ်းများ မဖော်ဆောင်တတ်ခြင်း၊ ဗမာစစ်တပ် မုန်းတီးရေးစိတ်ဓာတ် တစ်မျိုးတည်းကို အခြေခံခြင်း၊ ဗမာ့တပ်အားလုံးကို တိုက်ဖျက်ရန်သာ သိခြင်းတို့ကြောင့် တော်လှန်ရေးသက်တမ်း ရှည်ကြာလာပြီး ပြဿနာ အမျိုးမျိုး ကြုံတွေ့သည့်အခါ မဖြေရှင်းတတ်တော့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းတော်လှန်ရေး အားနည်းချက်ကို ထောက်ပြသည်။

ထို့ပြင် တော်လှန်ရေး လုပ်ငန်းအရပ်ရပ်အတွက် ငွေလိုအပ်သဖြင့် ငွေရှာပြီး၊ ငွေနှင့် အာဏာ ရှိလာသည့်အခါ မာန်မာန ထောင်လွှားကာ တောထဲတွင် သခင်ကဲ့သို့ မင်းမူနေကြကြောင်း၊ နယ်မြေ၊ စီးပွားရေးအတွက် အချင်းချင်း ရန်ဖြစ်ကြခြင်း၊ တိုက်ခိုက်ကြခြင်း၊ အမျိုးသားရေးကို အဓိက မထားဘဲ ကိုယ့်အဖွဲ့အရေးကိုသာ အဓိက ထားလာကြကြောင်းလည်း ပြောဆိုထားသည်။

“အမျိုးသားရေးကို အဓိက မထားဘဲ ကိုယ့်အဖွဲ့အရေးကိုပဲ အဓိက ထားကြတယ်။ ကြာလာတော့ ဒေသစွဲနဲ့ သူ့ဂိုဏ်း ကိုယ့်ဂိုဏ်း ဖြစ်လာတယ်။ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း မရှိဘဲ အချင်းချင်း တိုက်ခိုက်ကြတာကလည်း တော်လှန်ရေးကို အဓွန့်ရှည် ကြာမြင့်စေတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုပြန်သည်။

တော်လှန်ရေးအဖွဲ့ အများစုသည် တော်လှန်ရေး နည်းပညာကို တတ်သိနားလည်မှု မရှိ၊ တော်လှန်ရေး မဟာဗျူဟာ မရှိ၊ တော်လှန်ရေးနှင့် ပတ်သက်ဆက်နွယ်မှုကို မသင်ကြားရဘဲ ဗမာတပ် မုန်းတီးရေး စိတ်ဓာတ် အတွေးအခေါ်နှင့်သာ တိုက်ပွဲဝင်လာခြင်း၊ ရေရှည်တည်တံ့သည့် ရည်မှန်းချက် မရှိကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထိုအချက်များကြောင့် အခက်အခဲများ ကြုံတွေ့လာသည့်အချိန်တွင် ရန်သူက နိုင်ငံရေး စည်းရုံးရေး မက်လုံးများနှင့် ကစားလာသည့်အခါ တော်လှန်ရေး လုပ်သူများသည် ရန်သူထံ လက်နက်ချသွားသည့် ဖြစ်စဉ်များ ရှိသကဲ့သို့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းကာ ရန်သူ့အသုံးချခံ အဖြစ် လုပ်ကိုင်နေကြကြောင်း ဆက်လက်ရေးသားထားသည်။

ထို့ကြောင့် နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာများကို လေ့လာသင်ယူကြခြင်း၊ တိုင်းပြည်အရေးကို အဓိကထားပြီး အချင်းချင်း ချစ်ခင်ညီညွတ် ကူညီခြင်း၊ အချင်းချင်း အပြစ်မတင်ကြဘဲ မျိုးချစ်ပုဂ္ဂိုလ်များကို တိုက်တွန်းလိုကြောင်းနှင့် ပေးအပ်သည့် ကျရာတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်လျှင် တော်လှန်ရေး တစ်နေ့ မုချအောင်မြင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...