“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။

အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့် (၇၉)ကြိမ်မြောက် “သျှမ်းအမျိုးသားနေ့” အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့အပြင် တပါးသူအမှားထက်ကိုယ့်အမှားကိုမြင်ရန်၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ ၁၉၄၇ ပင်လုံစာချုပ် နှင့် ပင်လုံ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ဆက်လက်ပြီး တစ်ဖက်နှင့် တဖက် အနိုင်ယူ ဖိနှိပ်ချုပ်ခြယ်ခြင်းထက် နှစ်ဉီးနှစ်ဖက် ကောင်းကျိုးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နှင့် တိုင်းပြည်လုံခြုံရေး နှင့် ကာကွယ်ရေး အတွက်ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း ကိုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က အကြံပြုလိုက်သည်။

“ တော်လှန်ရေးဆိုတာ ပုဂ္ဂိုလ်ရေးကို တော်လှန်တာမဟုတ်ဘူး။ ကျနော်တို့က စနစ်ကိုတော်လှန်နေတာ။ ကျနော်တို့တွေ စစ်ရေး ပဋိပက္ခတွေ ဖြစ်လာတာ နှစ်ပေါင်းများစွာရှိလာပြီ။ ယနေ့ထိ လည်း မပြီးပြတ်သေးဘူး။ ကျနော်တို့ ပြည်သူတွေ တိုင်းပြည်တွေပဲ အထိနာတာ” ဟု ၎င်းက ဆိုသည်။

လက်ရှိ စစ်ရေးပဋိပက္ခ ကြီးမားနေရခြင်းသည် ခေါင်းဆောင်ဆိုသူများနှင့် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကြောင့် ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်မိန့်ခွန်းတွင် သျှမ်းဘာသာဖြင့် ပြောဆိုလိုက်သည်။

“ အခုလိုပြဿနာတွေ ဖြစ်နေတာမဖြေရှင်းနိုင်တာ။ ခေါင်းဆောင်တွေ မစည်းလုံးလို့ ဒီလိုဖြစ်တာ။ နောက် ၂၀၀၈ဖွဲ့စည်းပုံကိုလည်း ကျနောတို့ ပြင်ဖို့လိုအပ်တယ်။ဖွဲ့စည်းပုံက ပြဿနာပါ။ ဒါကြောင့် အဏာ ခဏခဏ သိမ်းတယ်။ အာဏာသိမ်းတော့ ပြည်သူတွေ တိုင်းပြည်ကိုပါ ထိခိုက်တယ်။” ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့ကြောင့် အချင်းချင်းကြား တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပြီး တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် တပ်မတော်သည်လည်း တစ်တပ်တည်းသာ ရှိသင့်ကြောင်းလည်း ၎င်းက ဆိုပြန်သည်။

“တပ်မတော်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတယ်။ နောက်ရွာတွေကို မီးရှို့တယ်။ အဲ့ဒါက စစ်ရေးကို အရှိန်မြင့်တာ လျော့ကျဖို့မရှိဘူး။ ငြိမ်ဖို့လည်းမရှိဘူး။ ကျနော်အနေနဲ့ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး တဖက်နဲ့တဖက် လျော့မှသာလျှင်တိုင်းပြည် ငြိမ်းချမ်းမယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က မှတ်ချက်ပြုလိုက်သည်။

၇၉ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ RCSS တပ်သားများ လွိုင်တိုင်းလျန်တွင် စစ်ရေးပြနေ ( စိုင်းဟန်လင်း၊ သျှမ်းသံတော်ဆင့်)

လွိုင်တိုင်းလျန်းတွင် ကျင်းပသည့် ယနေ့ ကျရောက်သည့် (၇၉)ကြိမ်မြောက် “သျှမ်းအမျိုးသားနေ့” ကို SSP၊ SNDP၊ SSNDF၊ SNA၊ PNO၊ LDU၊ DKBAနှင့် CNF တို့လည်းရတက်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှ သန္ဓေတည်ခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေး ကတိကဝတ်များသည် ယနေ့တိုင် အပြည့်အဝ မရရှိသေးသော်လည်း သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံသည် အာဏာရှင်ကို လက်တွဲတော်လှန်ရင်း ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ ဦးတည်နေကြသည်။

“တိုင်းပြည်လွတ်လပ်ရေး ရရှိခဲ့တာဟာ (၇၈) နှစ်ကြာခဲ့ပေမယ့် အိမ်နီးချင်း တိုင်းပြည်တွေလို မိမိတို့ တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်တာဟာ တိုင်းပြည်ခေါင်းဆောင်တွေက အလယ်အလတ် လမ်းစဉ်တရားနဲ့ အဆက်ပြတ်လို့ပဲ ဖြစ်ပါတယ်” ဟု RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

တပ်မတော်၏ အာဏာသိမ်းခြင်းကို မထောက်ခံ၊ မကျေနပ်သည့် ပြည်သူလူထုတွေက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်ခဲ့သော်လည်း တပ်မတော်က အင်အားသုံးပြီး အကြမ်းဖက်နှိမ်နှင်းသည့်အတွက် ပြည်သူလူထုက လက်နက်စွဲကိုင်ပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲလာခဲ့ခြင်း ဖြစ်ကြောင်း ၎င်း ကပြောသည်။

၁၉၆၂ ခုနှစ်နောက်ပိုင်း အာဏာသိမ်းစစ်တပ်က “သျှမ်းအမျိုးသားနေ့” အမည်ကို ဖျောက်ဖျက်ကာ “သျှမ်းပြည်နယ်နေ့” ဟု အစားထိုးခဲ့သော်လည်း သျှမ်းပြည်သူများကမူ မိမိတို့၏ အမျိုးသားရေး ဝိသေသကို ထိန်းသိမ်းသောအားဖြင့် “သျှမ်းအမျိုးသားနေ့” အဖြစ်သာ ဆက်လက် ဆုပ်ကိုင်ထားကြသည်။

ဤနေ့သည် အလံတော်၊ အမျိုးသားသီချင်းနှင့် စည်းလုံးမှုကို အသိအမှတ်ပြုခဲ့သည့် သမိုင်းဝင်နေ့ဖြစ်သည်။

သျှမ်းပြည်သည် သျှမ်းလူမျိုးများသာမက ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသား၊ လားဟူ၊ အခါ၊ ကချင်၊ ကရင် စသည့် တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှ နေထိုင်ရာ ပြည်နယ်ဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်သည် လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘဲ သျှမ်းပြည်နယ်သားအားလုံး တန်းတူအခွင့်အရေး ရရှိရေးအတွက် အခြေခံအုတ်မြစ်ချခဲ့သည့်နေ့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...