ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့အား အာဏာသိမ်းစစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ပျံသန်းခြိမ်းခြောက်မှု (၆) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း RCSS သတင်းပြန်ကြားရေးဌာန Tai Freedom မီဒီယာတွင် ဖော်ပြသည်။

ယင်းမတိုင်မီက ဗိုလ်ချုပ်ကြီးယွက်စစ်သည် မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတင်ပွဲ ပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရန် ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာသို့ မေလ (၂၆) ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မေလ (၂၇) ရက် နံနက် ၁၀ နာရီကျော်တွင် နမ့်စန်လေတပ်မှ ပျံတက်လာသည်ဟု ယူဆရသော အဆိုပါ စစ်တပ်တိုက်လေယာဉ် တစ်စီးသည် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ရောက်ရှိနေသည့် ဝမ့်နန်းကျေးရွာအထက် ဝေဟင်မှ ခပ်လှမ်းလှမ်း လှည့်ပတ် ပျံသန်းခဲ့သော်လည်း နောက်ပိုင်းတွင် အနီးကပ် ချဉ်းကပ်ပျံသန်းကာ ခြိမ်းခြောက်မှု လက္ခဏာများ ပြသသွားခဲ့ကြောင်း ဆိုသည်။

“နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ထောက်ရှု၍ လည်းကောင်း၊ ယခုခရီးစဉ်မှာ RCSS အုပ်ချုပ်ရေး နယ်မြေအတွင်း ဒေသခံ တိုင်းရင်းသားပြည်သူများကို တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်သာ ဖြစ်သည့်အတွက် မည်သည့် စစ်ရေးပြင်ဆင်ချက်မျှ ပြုလုပ်မထားခြင်းတို့ကြောင့် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကို တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိ”ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က Tai Freedom မီဒီယာသို့ ပြောကြားသည်။

အာဏာသိမ်းစစ်တပ်ဘက်မှ လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပ ပြောဆိုသော်လည်း လက်တွေ့တွင် တမင်ရည်ရွယ် ခြိမ်းခြောက်လိုသည့် စော်ကားပျံသန်းမှုတစ်ရပ်သာ ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများကို ကိုးကား၍ Tai Freedom မီဒီယာတွင် ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံထံ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူး အတင်းရယူထားသော ဦးမင်းအောင်လှိုင် က ရက်(၁၀၀) ငြိမ်းချမ်းရေးစီမံချက်ကို တရားဝင် ကမ်းလှမ်းထားသော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် မကိုက်ညီသည့် လုပ်ရပ်များကြောင့် နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဆက်လက်ပြောဆိုခဲ့ကြောင်း Tai Freedom မီဒီယာဖော်ပြချက်အရ သိရသည်။

ယမန်နှစ် ၂၀၂၅ အောက်တိုဘာလအတွင်း ကျရောက်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၁၀) နှစ်ပြည့် အခမ်းအနားတွင် စစ်တပ်က တိုင်းပြည်အာဏာ ထိန်းချုပ်လိုက်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့ပြီး အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် စစ်တပ်အနေဖြင့် EAOs များနှင့် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း RCSS ဘက်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...