ညောင်ရွှေမြို့နယ် ရေပူရွာ စစ်ဘေးရှောင်များ PNO တပ်ဖွဲ့အတွင်း စစ်မှုထမ်းမှ နေရပ်ပြန်ခွင့်ပြု

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာမှ စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ထဲ စစ်မှုထမ်းနိုင်မှသာ နေရပ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယခုနှစ် ၂၀၂၅ ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် အင်းလေးဒေသရှိ ကျေးရွာများနှင့် ရေပူကျေးရွာ၊ ဘီလူးချောင်း အရှေ့ဘက်ရှိ နန်းတုပ်ကျေးရွာများကို တစ်လအတွင်း လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းပစ်ခတ်မှု အကြိမ်ပေါင်း (၁၃၉) ကြိမ် ပြုလုပ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် ၎င်းကျေးရွာများမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့နီးစပ်ရာ အသိဆွေမျိုးများထံနှင့် ဘုန်းကြီးကျောင်းတို့တွင် သွားရောက်ခိုလှုံ နေထိုင်ကြရသည်ဟု စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကျေးရွာများထဲတွင် ရေပူ(ထီခိုး)ကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု (၂၀၀)ကျော်သည် နီးစပ်ရာကျေးရွာတွင် ခိုလှုံနေရပြီး၊ လက်ရှိ နေရပ်သို့ ပြန်ချင်ပါက PNO တပ်ဖွဲ့အတွင်း စစ်မှုထမ်းနိုင်မှသာ နေရပ်ပြန်ရန် ခွင့်ပြုမည်ကြောင်း ပြောဆိုထားသည်ဟု စစ်ရှောင် ဒေသခံက ဆက်ပြောသည်။

“အခုချိန်ထိ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ။ စစ်ရှောင်တွေတော့ နေရပ်ပြန်လို့ မရနိုင်သေးလောက်ဘူး၊ အဲ့ရွာတွေမှာ တိုက်ပွဲပြန်ဖြစ်ဖို့ အလားအလာ ရှိနိုင်တယ်။ ရေပူ(ထီခိုး)ရွာမှာဆိုရင် PNO တပ်ဖွဲ့ထဲ စစ်မှုထမ်းနိုင်မှ ပြန်နေခွင့်ပြုတာ။ အဲ့ဘက် လမ်းတကြောမှာ သူတို့ ဂိတ်တွေ အရမ်းစစ်တယ်။ တချို့လမ်းတွေလည်း ပိတ်ထားတယ်”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသားက ပြောသည်။

အချို့သော စစ်ဘေးရှောင်များသည် စားဝတ်နေရေး အခက်အခဲများကြောင့် နေရပ်သို့ ပြန်နေရန် လက်မှတ်ထိုးပြီး၊ လက်ရှိတွင် PNO မှ ယူနီဖောင်းနှင့် လက်နက်ထုတ်ပေးကာ ကျေးရွာ လုံခြုံရေး ယူခိုင်းနေပြီး ရှေ့တန်းသို့ ပို့ခံရမည်ကို စိုးရိမ်နေကြောင်း ရေပူဒေသခံတစ်ဦးက ပြောသည်။

“တချို့က လက်နက်ကြီးပစ်တာ ငြိမ်သွားတော့ ပြန်သွားတာလည်း ရှိတယ်။ အဓိကတော့ စားဝတ်နေရေး အခက်အခဲကြောင့် ပြန်သွားကြတာ။ အိမ်ပြန်နေဖို့တောင် လက်မှတ်က ထိုးရသေးတယ်။ သူတို့ကို ဝတ်စုံတွေ လက်နက်တွေပေးပြီး ရွာလုံခြုံရေး တာဝန်ပေးထားတာရှိတယ်၊ ရှေ့တန်းအပို့ခံရမှာကိုပဲ ကြောက်နေတာ”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသားက ထပ်လောင်းပြောသည်။

အလားတူ ယခင်လ ဖေဖော်ဝါရီအတွင်း ညောင်ရွှေမြို့နယ် စစ်ကောင်စီဘက်မှ အုပ်ချုပ်ရေးမှူးနှင့် စစ်ဘေးရှောင် တာဝန်ခံများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ညောင်ရွှေမြို့နယ်အတွင်း လာရောက်ခိုလှုံနေသည့် ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးခဲ့ခြင်းကြောင့် စစ်ဘေးရှောင်အချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...