ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောင်ထောင်အပါအဝင် အနီးနားကျေးရွာများကိုPNO/PNA ပြည်သူ့စစ် တို့က သိမ်းယူလိုက်သည်။

ထိုသို့ သိမ်းယူပြီးနောက် နောင်ထောင်ကျေးရွာရှိ ဈေးဆိုင်ခန်းများအားလုံးကို ဖျက်သိမ်းရန် ဆိုင်ရှင်များကို PNO/PNA ပြည်သူ့စစ်က အမိန့်ပေးခဲ့သည်။

“ဈေးဆိုင်ခန်းတွကို အကုန်ဖျက်ရမယ်တဲ့၊ ဆိုင်ခန်း အကောင်းတိုင်းရှိတဲ့ဟာလည်း အကုန်ဖျက်ရတယ်။ အခုဖျက်နေကြပြီ။ PNO/PNA သူတို့က ဖျက်ဖို့ ဖိအားပေးလို့ ဖျက်ရတာပေါ့။ အဲဖက်နယ်မြေက သူတို့ပဲ စိုးမိုးထားတာကို။ဈေးပြန်ဆောက်ဖို့ ဖျက်တယ် ပြောတာပဲ ပျက်စီးသွားရင်တော့ တမျိုး မပျက်စီးဘဲနဲ့ ဖျက်လိုက်တော့ စဉ်းစားစရာပဲ။” ဟု ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင်နောင်ထောင်ကျေးရွာ၌ နေရပ်ပြန် စစ်ရှောင်အနည်းငယ်သာရှိပြီး ထိုသို့ ဈေးဖျက်လိုက်ခြင်းကြောင့် ပျံကျဈေးပုံစံဖြစ်သွားနိုင်ပြီး လူနေမှုမလုံခြုံတော့သည့်အပြင် ပစ္စည်းများလည်း စိတ်ချထားခဲ့လို့ မရကြောင်း ၎င်းက ဆက်ပြောသည်။

နောင်ထောင်ကျေးရွာသည် ဆီဆိုင်မြို့နှင့် ၁၂ မိုင်ကျော်ကွာဝေးပြီး နောင်ထောင်ဈေးသည်လည်း အရှေ့ဘက် မောက်မယ်ဒေသအတွင်းရှိ ကျေးရွာများနှင့် တောင်ရှေ့အုပ်စုကျေးရွာများက အဓိက အားထားနေရသော ဈေးတစ်ခုဖြစ်သည်။

ထိုသို့ နောင်ထောင်ဈေးကို ဖျက်ခိုင်းသည်မှာ PNO/PNA အဖွဲ့အနေဖြင့် မဖျက်ခိုင်းကြောင်းနှင့် ရွေးကောက်ပွဲအတွက်သာလျှင် အာရုံစိုက်ကြရန် PNO/PNA သတင်းနှင့် ပြန်ကြားရေး ခွန်ဆန်းအောင်က ပြောသည်။

“နောင်ထောင်ဈေးကို ဖျက်ခိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က ပိုကောင်းအောင် လုပ်နေတာ။ လူတွေ ပြန်စည်ကားဖို့ လုပ်ဆောင်နေတာ။ အခုဆို နောင်ထောင်နားက ရွာတွေအကုန် ကျနော်တို့ သိမ်းထားလိုက်ပြီ။ လာမဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ပဲ အာရုံစိုက်ရမှာ၊ ရွေးကောက်ပွဲအောင်မြင်ရင်တော့ မြန်မာတစ်နိုင်ငံလုံး တည်ငြိမ် အေးချမ်းသွားမယ်၊ အများကြီးပြောင်းလဲ သွားမယ်လို့ မျှော်လင့်တယ်။” ဟု အဆိုပါ ခွန်ဆန်းအောင်က ပြောသည်။

ဆက်လက်ပြီး နေရပ်ပြန်လာသည့် စစ်ရှောင်များကို PDF တပ်ဖွဲ့ဝင်များနှင့် ပါဝင်ပတ်သက်နေလျှင် လုံခြုံရေးအတွက် တစ်ရွာလုံးကို အာမ မခံပေးကြောင်းနှင့် ပတ်သက်မှုမရှိလျှင် လုံခြုံရေးအပြည့်ဝယူနိုင်ကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှိုဖျက်ဆီးခဲ့သောကြောင့် နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၆)ရက်တွင်လည်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း(၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...