ကျောက်တလုံးကြီးတွင် စစ်မှုထမ်းကြေးအပြင် ပျော်ပါးဖိုးအတွက်ပါ PNO ငွေကောက်ခံနေ

သျှမ်းပြည် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့(PNO)မှ ဒေသခံများထံ စစ်မှုထမ်းကြေးအပြင် ၎င်းတို့ပျော်ပါးရန်အတွက်ပါ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကျောက်တလုံးကြီးမြို့နယ်ခွဲတွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ခေါင်းစဉ်အမျိုးမျိုးတပ်ကာ (၆)လတစ်ကြိမ် ငွေကောက်ခံနေပြီး အဆိုပါ ငွေကောက်ခံသည့်ထဲတွင် စစ်ကော်မရှင်တပ်အတွက် လစဉ် စစ်မှုထမ်းကြေးနှင့် သောက်စားပျော်ပါးရန်အတွက်ပါ ‌ငွေထည့်ရသည့်အပြင် ဆောက်လက်စ လူမနေသည့် နေအိမ်များကိုပါ ငွေကောက်ခံနေကြောင်း သိရသည်။

“တိုင်းပြည်က ပျက်စီးနေပြီး ငွေကြေးက ရှာရခက်ပါတယ်ဆို အခွန်အခတွေက များတော့ ပြည်ပမှာ ပင်ပင်ပန်းပန်း အောက်ခြေအလုပ်တွေ လုပ်၊ သူများ ဖိနှိပ်တာခံပြီးမှ ရလာတဲ့ လုပ်အားခကို ရွာအတွက် အခွန်ဆောင်ပေးရတာ။ ကိုယ့်နယ်ကိုယ် ကာကွယ်ပြီး ပြည်သူတွေအတွက် အမှန်တကယ် လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းဆိုလည်း မဟုတ်ဘူး၊ ခုဟာက ပြည်သူကို အနိုင်ကျင့်ပြီး အတင်းအဓမ္မ ဆက်ကြေးတွေ ပေးဆောင်ခိုင်းနေတာ”ဟု ကျောက်တလုံးကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်ပတွင် သွားရောက်၍ အလုပ်လုပ်နေသူများသည် အလုပ်၏ဖိအားအပြင် ရပ်ရွာရှိ နေအိမ်မှ လက်နက်ကိုင်တပ်များထံ အခွန်အခ ထပ်မံထည့်ရခြင်းများကြောင့် ဖိအားများပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူများလည်း ရှိကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာဘက်တွင်လည်း စစ်မှုထမ်းကြေးကို (၆)လ တစ်ကြိမ် ကျပ် (၃)သိန်း ပေးဆောင်နေရပြီး တခြားသောအခွန်အခများလည်း PNO ကောက်ခံနေသောကြောင့် အကြိမ်ကြိမ် စုပေါင်းလျှင် ငွေကျပ် (၈)သိန်းနီးပါး ပေးဆောင်နေရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နောင်ထောဝ်မှာလည်း စစ်မှုထမ်းကြေးကိုပဲ သုံးသိန်း အဲတာကျန်တဲ့ အခွန်တွေမပါသေးဘူး။ အဲအခွန်တွေပါ ပေါင်းလိုက်ရင် (၆)လတစ်ခါဆို ကျပ် (၇)သိန်းကျော် ၈ သိန်းနီးပါး ပေးနေရတယ်။ သူတို့က ဘာကြေးညာကြေးဆိုပြီး စာရွက်နဲ့လာတာ၊ တစ်လတစ်လ သူတို့ကို လုပ်ကြွေးနေရသလိုပဲ”ဟု အဆိုပါ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် PNO က စစ်တပ်နှင့် အပစ်အခတ်ရပ်စဲပြီး အထူးဒေသ(၆) ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅)နှစ်ပြည့်ဟူ၍ (၃)ရက် (၃)ည ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရာတွင် ပြည်သူများထံမှ အခွန်ကောက်သည့် ငွေများဖြင့် ပျော်ပါးကြကြောင်းနှင့် စစ်ကော်မရှင်တပ် လစဉ်ပျော်ပါးရန်အတွက်ပါ အခွန်ပေးဆောင်နေရကြောင်း အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲဘက်တွင် တစ်နှစ်လျှင် ငွေကျပ် တစ်သိန်းခွဲသာ ပေးဆောင်ရသော်လည်း ယခု၂၀၂၆ ခုနှစ်တွင် ငွေကျပ် (၈)သိန်းကျော် ပေးဆောင်နေကြရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကော်မရှင်ဘက်မှ စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် သျှမ်းပြည်အတွင်းရှိ လူငယ်များသည် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် စစ်မှုထမ်းကြေးများ၊ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေများတွင်လည်း ဆက်ကြေးများ လစဉ် ထည့်ဝင်နေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...