အောင်ပန်းသို့ ကုန်စိမ်းသွားရောင်းသူများ တီကျစ်ဂိတ်ရှိ စစ်သားများက ငွေအဆမတန်တောင်းယူနေ

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသူများထံ တီကျစ်မြို့ နဂါးဘိလပ်မြေ စက်ရုံရှေ့ဂိတ်ရှိ စစ်သားများ ငွေအဆမတန်တောင်းယူနေကြောင်းစုံစမ်းသိရသည်။

အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသူများသည် ပင်လောင်း၊ နောင်တရား တောင်သူများဖြစ်ကြသည်။

အောင်ပန်းသွားရာလမ်း

ထိုတောင်သူများသည် ကျေးရွာထဲရောင်းလျှင် ကြားခံပွဲစားများ စျေနိမ်မှုကို ကြုံနေရသဖြင့် အောင်ပန်းအထိ ကိုယ်တိုင်သွားရောင်းရကြောင်း၊ သွားရောင်းစဥ်တွင်လညး တီကျစ်ဂိတ်ရှိ စစ်ကောင်စီနှင့် ပအိုဝ်း PNO များက ငွေပဏာများစွာ တောင်းယူနေသဖြင့် တောင်သူများ အခက်ခဲကြုံတွေ့လျက်ရှိသည်။

“အဲဒီတီကျစ်ဂိတ်က ဒီနောက်ပိုင်းအရမ်းဆိုးတယ်။ပိုက်ဆံမပေးရင် ပါလာတဲ့ကုန်ပစ္စည်းတွေကိုသိမ်းသွားတယ်။တောင်တဲ့ပိုက်ဆံကလည်းအရမ်းများတယ် အာလူးတစ်အိတ်ကို ၅၀၀တောင်းတာလေ။ ကားတစ်စီးလုံးဆို သူတို့ကို၅သောင်းလောက်ပေးရတယ်။အာလူးအိတ်များရင်များသလိုတောင်းတယ်။အရမ်းစိတ်ပျက်ဖို့ကောင်းတယ်”ဟု ကုန်စိမ်းသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တီကျစ်ဂိတ်ရှိစစ်သားများသည် ကုန်စိမ်းကားများကို ငွေညစ်သည့်အပြင်ခရီးသွားလာသူများကိုလည်း မှတ်ပုံတင်စစ်ဆေးခြင်း၊ကြမ်းကြမ်းတမ်းတမ်းစစ်ဆေးခြင်း၊လိုအပ်သည်ထက်ပိုစစ်ဆေးခြင်း၊သံသယရှိသူများကိုအကြောင်းမဲ့ ဖမ်းဆီးပြီး ငွေဖြင့် ပြန်ရွေးခိုင်းခြင်းတို့လည်း ပြုလုပ်နေကြောင်းသိရသည်။

“မိန်းကလေးဆိုရင်သူတို့က လိုအပ်တာထက် စစ်ဆေးတယ်။ ဟိုနှိုက် ဒီနှိုက်နဲ့ ရဲမေစစ်မေနဲ့လည်း မစစ်ဘူး။ နောက်ပြီး သူတို့ မသင်္ကာတဲ့သူဆိုရင် ရစ်တယ်။ တချို့က ဖမ်းပြီး မိသားစုက ငွေနဲ့ပြန်လာရွေးရတယ်”ဟု ပင်လောင်း ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ပင်လောင်းမြို့အဝင်ဂိတ်များသည် ဆန်၊ဆီ၊အဝတ်အထည် နှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...