ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် လင်မယားနှစ်ဦးကို အရက်မူးပြီး မောင်းလာသည့် PNO အရာရှိတဉီး၏ ကားက ဝင်တိုက်သဖြင့် အမျိုးသားသည် ပွဲချင်ပြီးသေဆုံးကာ အမျိုးသမီးသည် ထိခိုက်ဒဏ်ရာပြင်းထန်းရရှိပြီး တောင်ကြီးဆေးရုံသို့ပို့ဆောင်ထားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀အရွယ်အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကားကတော့အကောင်းစားပဲ၊ PNO ဝတ်စုံဝတ်ထားတာ။ အရက်နံလည်းရတယ်။ ကားအရှိန်ကြောင့် လင်းမယားနှစယောက်လုံး လွှင့်သွားတယ်။ အမျိုးသားကတော့ ပွဲချင်းပြီးပဲ။ အမျိုးသမီးကတော့ အခု တောင်ကြီး စဝ်စံထွန်းဆေးရုံမှာပါ။ ဒဏ်ရာပြင်းတယ်” ဟု ၎င်းက ဆိုသည်။

PNO အရာရှိ ကားဖြင့် တိုက်ခံရပြီး ပွဲချင်းပြီးသေဆုံသွားသည် စိုင်းကြီးသည် အသက် ၃၈နှစ်အရွယ်ရှိပြီး ၎င်း၏ဇနီးဖြစ်သူသည် အသက် ၃၅နှစ်အရွယ်ရှိကြောင်းသိရသည်။

အဆိုပါလင်မယားနှစ်ဉီးကို ကားဖြင့်တိုက်ခဲ့သည့် PNO အရာရှိသည် လက်ရှိအချိန်ထိ အရေးယူထားခြင်း မရှိသည့်အပြင် လျော်ကြေးငွေများလည်း လာရောက်ပေးခြင်းမရှိကြောင်း ဒေသခံများပြောပြချက်အရသိရဿည်။

“ PNO အရာရှိဆိုတော့ ဖမ်းမှာ မဟုတ်ဘူး။နောက်ပြီး အမျိုးသားက သေဆုံးပြီ၊ အမျိုးသမီးက ဆေးရုံမှာ ဆေးကုစရိတ်ရော နာရေးစရိတ်ရော ဘာမှ လာပေးတာမရှိဘူး” ဟု အခင်းဖြစ်ပွားမှုကို သိရှိသူ ခွန်မျိုးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ စိုင်းကြီးတို့ ဇနီးမောင်နှံသည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာ အုပ်စု ဖိုင်ကွမ်းရွာတွင် နေထိုင်သူ ဖြစ်ပြီး စိတ်သဘောထားပြည့်ဝသူများဖြစ်ပြီး ၎င်တို့တွင် သား၊သမီး (၃)ဉီးရှိကြောင်းသိရသည်။

ဆက်လက်ပြီး ကားနှင့်တိုက်ပြေးသူသည့် PNO အရာရှိကို ၎င်း၏ တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားသည့်နေရာတွင် ချက်ချင်းလာရောက်ခေါ်ဆောင်သွားကြောင်း ခွန်မျိုးက ဆိုသည်။

“ ကလေး(၃)ယောက်ကလည်း ကျောင်းတက်တဲ့အရွယ် ဆိုတော့ အခု အကူအညီတွေလိုအပ်နေတယ်။ ကလေးတွေကလည်း ငယ်သေးတယ်။ အခုတော့ ရွာကလူတွေပဲ ကူကြည့်ပေးနေတာ” ဟု ၎င်းက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ဆိုက်ခေါင် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် နောင်မွန် ပအိုဝ်းပြည်သူ့စစ်(PNO) ဟူ၍ နှစ်ဖွဲ့ရှိကြောင်းနှင့် ယခု ဖြစ်စဉ်တွင် ဆိုက်ခေါင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း ၎င်းအမျိုးသားက မှတ်ချက် ပြုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...