ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။

ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့် စစ်ကော်မရှင်တပ် နှင့် PNO က အတင်းအဓမ္မ စစ်မှုထမ်းကောက်ယူမှုကြောင့် လူငယ်များ အခြားဒေသသို့ ရွှေ့ပြောင်းနေထိုင်နေရသည်။

ထို့ကြောင့် စပါးစိုက်ပျိုးမှုသည် ကျဆင်းလာပြီး ဝင်ငွေများလည်း မရှိသည့်ကြား ခေါင်းစဉ်မျိုးစုံတပ် ငွေကြေးကောက်မှုကြောင့် စိတ်ဒုက္ခရောက်နေကြကြောင်း ပုံးအင်းဒေသ စပါးစိုက်ပျိုးသည့် တောင်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လ ကမကုန်သေဘူး စစ်မှုထမ်းကြေးတွေ၊ ပအိုဝ်းပြည်သူ့စစ်ကို ပေးရမဲ့ငွေတွေက အသင့်ပြင် ထားရတယ်။လတိုင်း ခေါင်းစဉ်တွေ အမျိုးမျိုးနဲ့ ပေးနေရတယ်။ ဘယ်တပ်ဖွဲ့မှ တောင်သူတွေ အခက်အခဲကို မကြည့်ဘူး။ သူတို့လိုချင်တဲ့ငွေပဲကောက်နေကြတာ” ဟု ၎င်းတောင်သူက ဆိုသည်။

လက်ရှိ စစ်ကော်မရှင်တပ်နှင့် PNO တို့သည် စစ်မှုထမ်းကြေး၊ လုံခြုံရေးစရိတ်၊ ပညာရေးကြေး၊ သာသနာရေးဆိုင်ရာ ငွေကြေး၊ ကက္ကူဘုရားပွဲဆိုင်ရာ ငွေကြေး၊ဘောလုံးပြိုင်ပွဲကြေး၊ ဆရာ၊ ဆရာမ ဝန်ထမ်းကြေးစသည့် ခေါင်းစဉ်များဖြင့် လစဉ်ကောက်ခံနေကြောင်း သိရသည်။

အဆိုပါ ခေါင်းစဉ်အမျိုးမျိုးဖြင့် တစ်နှစ်အတွင်း ပေးဆောင်ရသည့် ငွေကြေးစုစုပေါင်းမှာ အနည်းဆုံး ကျပ်ငွေ ၄ သိန်း မှ ၅ သိန်းခွဲဝန်းကျင်အထိ ရှိနေကြောင် ပုံးအင်းဒေသခံများကပြောကြားသည်။

“ဝင်ငွေမရှိဘဲ ထွက်ငွေပဲရှိတယ်။ အရမ်းများတော့ တောင်းရင်ပေးလိုက်ရတာပဲ။ မပေးလည်း မရဘူး ကြောက်ရတယ်။ အခုဆိုရင် ခေါင်းစဉ်တပ်ပြီး ကောက်လာတာပိုများလာတယ်” ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

ထို့ပြင် စိုက်ပျိုးမှု တနှစ်ထက် တနှစ်ခက်ခဲလာခြင်းနှင့် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့၏ အတင်းအဓမ္မစစ်မှုထမ်း ကောက်ယူမှုကြောင့် လူငယ်များသည် ပုံးအင်းဒေသ၌ မနေထိုင်ရဲတော့ကြောင်း အခြားဒေသသို့ ရွှေ့ပြောင်းလုပ်ကိုင်ပြီး ဝမ်းရေးကို ဖြေရှင်းနေရသည်။

“အခု ပုံးအင်းမှာဆိုရင် လူကြီးတွေပဲကျန်တော့တယ်။လယ်စိုက်တဲ့ သူတွေကလည်း မရှိတာနဲ့ နောက် ကုန်စျေးနှုန်းတက်လို့ စပါးစိုက်တာနဲ့ ပြန်ရတဲ့ငွေက အမြတ်မရှိ ရှုံးတော့ ဘယ်သူမှ မစိုက်ချင်တော့ဘူး” ဟု တောင်သူ အမျိုးသမီး က ဆိုပြန်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မှ ၂၀၂၆ ခုနှစ်အတွင်း စပါးဈေးနှုန်းများ ကျဆင်းခြင်း၊ စိုက်ပျိုးရေး ကုန်ကျစရိတ် မြင့်တက်ခြင်းတို့ကြောင့် တောင်သူများ ဝင်ငွေလျော့နည်းနေပြီး စိုက်ပျိုးရေးကိုသာ အဓိက မှီခိုနေရသည့် ပုံးအင်းဒေသတွင် မိသားစုစားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ပုံးအင်းဒေသမှာ စိုက်ပျိုးရေးကလွှဲပြီး အလုပ်အကိုင်သိပ်မရှိဘူး။တချို့ကြတော့ရှိတဲ့ နေ့စားအလုပ် လိုက်လုပ်နေရတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေဆို ဆေးကုဖို့တောင် ပိုက်ဆံမရှိဘူး။ ကလေးအတွက် ပညာရေးကလည်း မကောင်းဘူး။ ဒီ ၄ ၊ ၅နှစ် အတွင်းမှာ ပြည်သူတွေ အရမ်းကြပ်တည်း လာတာကို မြင်ရတယ်။မြင်တွေ့နေရတာ တကယ်စိတ်မကောင်းစရာပါပဲ” ဟု ပုံးအင်းဒေသခံ အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူများ၏ စားဝတ်နေရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေသည့် အခြေအနေတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေကြေးပေးဆောင်နေရခြင်းသည် ပြည်သူများအတွက် စီးပွားရေး ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေကြောင်း ၎င်းက ဆက်ဆိုသည်။

ထို့အပြင် ဝင်ငွေမလုံလောက်ခြင်း နှင့် အသက်မွေးဝမ်းကျောင်း အခက်အခဲများကြောင့် လယ်ယာမြေများကို စွန့်ပစ်ထားရပြီး၊ဒေသခံအများမှာ အလုပ်အကိုင်ရှာဖွေရန် အခြားဒေသ နှင့် ပြည်ပနိုင်ငံသို့ ထွက်ခွာလုပ်ကိုင်နေကြကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...