Wednesday, May 8, 2024

ပုံးအင်း

PNO/ PNA အဖွဲ့ ပုံးအင်းဒေသ၌ ဆက်ကြေးတိုးကောက်နေ

သျှမ်းတောင် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံ  ဆက်ကြေး တိုးကောက်လာနေကြောင်း စုံစမ်းသိရသည်။  ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စုအတွင်း နေထိုင်သည့် (ရွာပေါင်း ၃၅ ရွာ) ဒေသခံများအနေဖြင့် မဖြစ်မနေ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထံသို့ အခွန်ဆောင်ရန် မတ်လ ၉ ရက်နေ့၌...

ပုံးအင်း ဒေသ အမျိုးသားတစ်ဦး အသတ်ခံရသည့် အလောင်းတွေ့

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် အမျိုးသားတစ်ဦး သေဆုံးနေသည့် အလောင်းကို ဒေသခံများက ရွာအနီး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဖိုင်လင်းကျေးရွာရှိ စာသင်ကျောင်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်း၌ အမျိုးသားတစ်ဦး ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို ဒေသခံများက...

ပုံးအင်းစပါးရေလွှမ်းမိုးပြီးနောက် တောင်သူများစားဝတ်နေရေးပိုကြပ်တည်းလား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသအတွင်းစိုက်ပျိုးထားသည့် စပါးများရေလွှမ်းခံပြီးနောက်တောင်သူများ စားဝတ်နေရေးယခင်ကထက်ပိုကြပ်တည်းလာကြောင်း တောင်သူများထံမှ စုံစမ်းသိရသည် ပုံးအင်း စပါးများသည် ပြီးခဲ့သည် (သြဂုတ်လ) တွင် ရေလွှမ်းမိုးခံခဲ့ရပြီးနောက် စပါးများအရှုံးပေါ်ခဲ့ရာ စားသုံးရန် ဆန်များမရှိသဖြင့် တောင်သူအချို့ လယ်ထဲ ရိတ်သိမ်းပြီး ကျချန်ခဲ့သည့်စပါးလက်ကျန်များကို သွားရောက်ကောက်ယူပြီး စားသုံးရန် စုဆောင်းနေရကြောင်း အသက် (၄၀)...

ပုံးအင်း စပါးဈေးနှုန်းမြင့်တက် စားသုံးသူအတွက် အခက်ကြုံနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး စပါးဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းထက် တစ်ဝက်ကျော်မြင့်တက်လာနေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ ယနေ့ထိ ပုံးအင်းဒေသထွက် ရွှေအပ်စပါးဈေးနှုန်း (၄) တင်း (၈၀ ပိသာ) မှာ မြန်မာကျပ်ငွေ တသိန်းတသောင်း (၁၁၀,၀၀၀) ကျပ်၊...

ပုံးအင်း စစ်ရှောင် (၂၀၀) ဝန်းကျင်သည် အလှူရှင်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသရှိ စစ်ရှောင် (၂၀၀) ဝန်းကျင်သည် ယခုကာလတွင် နေထိုင်ရန်အတွက် အခက်ခဲရှိသဖြင့် အလှူရှင်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ များ မကြာခဏ တိုက်ပွဲဖြစ်ပွား မှုကြောင့် လွယ်ပေါကျေးရွာနှင့် မခေခမ်းကျေးရွာမှ စစ်ရှောင်များသည် မေလပိုင်းမှစပြီး ပုံးအင်းဒေသတွင်...

ပုံးအင်းဒေသတွင် ရေကြီးမှုကြောင့် စပါးခင်းများ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် မိုးများအဆက်မပြတ် ရွာသွန်းနေသောကြောင့် ယနေ့ (သြဂုတ် ၈) ရက်တွင် စပါးများ ရေလွှမ်းကာ ပျက်စီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။ ပုံးအင်းဒေသတွင် တောင်တန်းများဖြင့် ဝိုင်းရံထားသော မြေပြန့်ဒေသတစ်ခုဖြစ်ပြီး ရေကြီးရေလျှံများကို နှစ်စဉ်နှစ်တိုင်း ခံစားရကာ ယခုနှစ်တွင် မိုးများသောကြောင့် ချောင်းမှတစ်ဆင့် အဖက်ဖက်မှ စီးဆင်းနေသော မိုးရေများကြောင့်...

ပုံးအင်းဒေသ PNO ထံ စစ်သင်တန်း လာမတက်ပါက လုံခြုံရေး ကြည့်ပေးမည်မဟုတ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသနေထိုင်သည့် ပြည်သူများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ခေါ်ယူသည့် စစ်သင်တန်းကို သွားတက်ရောက်ခြင်းမရှိပါက ကျေးရွာလုံခြုံရေးကို တာဝန်ယူသွားမည်မဟုတ်ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ အဆိုပါ PNO တပ်ဖွဲ့သည် ဇူလိုင် ၅ ရက်မှ စပြီး ကျေးရွာအုပ်စု တစ်ခုလျှင် လူ...

Latest news