ပုံးအင်းတွင် ရေကြီးမှုကြောင့် စပါးခင်းရေမြှုပ် ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ၊ ပုံးအင်းဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ရေလျှံကာ စပါးခင်းပျက်စီးသွားကြောင်း သတင်းရရှျိသည်။

ပြီးခဲ့သည့် ဇွန်လ တွင်လည်း မိုးရက်ဆက်ရွာသွန်းမှုသဖြင့် ရေကြီးခဲ့ပြီး နွေစပါးခင်းများ ရေနစ်မြှုပ်ကာ ယခု ဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးစပါးများ ထပ်မံရေနစ်မြုပ်ခဲ့သည်။

ရေကြီးရေလျှံနေသည်မှာ ဆယ်ရက်ရှိပြီ ဖြစ်ပြီး ယနေ့အချိန်ထိ ရေမကျသေးသဖြင့် လမ်းသွားလမ်းလာ ခက်ခဲပြီး စားဝတ်နေရေးအတွက် စိုးရိမ်မှုရှိနေကြောင်း သိရသည်။

ပုံးအင်း ရေကြီးမှု

“ မိုးရွာတာ တစ်လကြိုစောသွားတော့ ရေကြီးတာ။ အခု ကျေးရွာ တစ်အုပ်စုလုံးရေမြှုပ်နေတာ။ စိုက်ထားတဲ့ စပါးခင်းကလည်း အကုန်မြှုပ်ကုန်တာ။ နဂိုကတည်းက လမ်းသွားလာရခက်ခဲပါတယ်ဆို အခုရေကြီးတော့ ပိုဆိုးပေါ့။ “ ဟု ဒေသခံ အမျိုးသားက ဆိုသည်။

ထို့အပြင် စပါးစိုက်ရန်အတွက် ပိုက်ဆံထုတ်ချေးထားသည့် အကြွေးများလည်း ရှိနေပြီး နေထိုင်စားသောက်ရေးအတွက်ပါ ခက်ခဲကာ နောင်နှစ် ပြန်စိုက်စရာ အရင်းမရှိသည့်အပြင် အကြွေးပါ ဆပ်ရမည်ဆိုသောကြောင့် ပိုပြီး ခက်ခဲ နေကြောင်းသိရသည်။

ယခုလို ရေကြီးပြီး စပါးခင်း ပျက်စီးသွားတာကြောင့် မြို့နယ်သုံးမြို့နယ် ဖြစ်သည့် တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်မှုးများကို အကြောင်းကြားထားကြောင်းသိရသည်။

ပုံအင်းရေကြီးမှု

“မြို့နယ် သုံးမြို့နယ် ကိုတော့ အကြောင်းကြားထားတယ်။ သူတို့တော့ ရွာဆင်းပြီး လာကြည့် ပြီး ပြန်သွားတယ်။ အစည်းဝေးထိုင်အုံးမယ်ပြောတယ်။ ကျေးရွာတွေရဲ့အခက်ခဲကို ကြည့်ပြီး ဆွေးနွေးကြမယ်ထင်တယ်။”ဟု အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

ယခင် ၂၀၂၁တွင်လည်း ရေကြီးရေလျှံမှုကြောင့် စပါးခင်းများပျက်စီးခဲ့ပြီး ယခုနှစ်များတွင် ရေမကျသေးတာကြောင့် စပါးခင်းပျက်စီးမှုဧကကို မသိရှိရသေးကြောင်း ဒေသခံများကပြောသည်။

သျှမ်းပြည်နယ်တောင်ပိုင်းတွင် သဘာဝဘေးဖြစ်သည့် ရေကြီးမှု မြေပြိုမှုများကြောင့်ဒေသခံပြည်သူများစွာ အခက်ခဲ ကြုံနေရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...