ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။
ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာ နှင့် ပူးပေါင်းစုံစမ်းရေးအဖွဲ့များမှ ထိုင်းပြည်သူတဉီး၏ သတင်းပေးပို့ချက်အရ ထိုနယ်မြေအတွင်းရှိ ဈေးသို့ ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
စစ််််ဆေးမှုမှ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားအမျိုးသမီးသည် ထိုင်းနိုင်ငံသားမဟုတ်သူ သက်သေခံကတ်ပြား (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသူဖြစ်သော်လည်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ဝေါ့ပါမစ်) မရှိကြောင်းတွေ့ရှိခဲ့သည်။
ထိုမြန်မာနိုင်ငံသား ဈေးသည်အမျိုးသမီးသည် ၎င်းစျေးအပြင် အခြား ပျံကျဈေး ၄ ခုတွင်လည်း လှည့်လည်ရောင်းချလာခဲ့သည်မှာ နှစ်များစွာကြာပြီဖြစ်ကြောင်း၊ ထို့အပြင် တစ်ရက်လျှင် ဝင်ငွေ ဘတ် ၇,၀၀၀ ထိ ဝင်ငွေရှိနေကြောင်းလည်း ထွက်ဆိုခဲ့သည်။
ထို့ကြောင့် အာဏာပိုင်များမှ ၎င်းမြန်မာနိုင်ငံသားအမျိုးသမီးအား အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲဆိုထားပြီး ဥပဒေအရ အရေးယူနိုင်ရန် Chang Phueak ရဲစခန်းသို့ လွှဲပြောင်းထားကြောင်းသိရသည်။
ယခုနှစ်အလယ်ပိုင်းမှ စ၍ ထိုင်းနိုင်ငံတဝန်း တရားမဝင်နိုင်ငံခြားသားများအား ပစ်မှတ်ထားဖမ်းဆီးမှုများ ပိုမိုတင်းကြပ်လာပြီး ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်းများစွာနေထိုင်လာခဲ့သော်လည်း တရားဝင်စာရွက်စာတမ်းများနှင့် အလုပ်လုပ်ကိုင်ခွင့််လက်ဝယ်မရှိသော ရွေ့ပြောင်းလုပ်သားများပါ ဆက်တိုက်ဖမ်းဆီးခံလာနေရခြင်းဖြစ်သည်။
ကိုးကား – Chiang Mai News












Leave a Comments