ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်နံနက်ပိုင်းတွင် ဘာန်ချမ်းမြို့နယ်ရှိ ယခင် ဂေါက်ကွင်းဟောင်းနေရာ မြေကွက်တွင် တရုတ်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံထားသည့် ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းတခုတွင် လူအယောက် ၄၀၀ ကျော် လုပ်ကိုင်နေထိုင်လျက်ရှိကြောင်း သတင်းရရှိခဲ့သည်။

ထိုကြောင့် ရယောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ရုံး၊ ရဲတပ်ဖွဲ့နှင့် ခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းတွင် သြဂုတ် ၁၁ရက် နံနက် ၁၀ နာရီခန့်တွင် အဆိုပါ လုပ်ငန်းခွင်သို့ စစ်ဆေးရန် ဝင်ရောက်စီးနင်းခဲ့ရာ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမား ထွက်ပြေးခဲ့ကြပြီး အချို့မှာ အနီးရှိ မြောင်း/ချောင်း အတွင်းသို့ ခုန်ဆင်းကာ ထွက်ပြေးသွားခဲ့ကြသည်။

ဘန်ကောက်မြို့ရှိ တရုတ်ဒေတာစင်တာဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းများ

ထွက်ပြေးလွတ်မြောက်သွားသူများအနက် တရားဝင် အလုပ်လုပ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်း မရှိသူ မြန်မာနိုင်ငံသား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး (အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၄ ဦး) ကို ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ၎င်းတို့အား တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် ဘာန်ချမ်း ရဲစခန်းတွင် ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ၎င်းတို့၏ နိုင်ငံများကို ပြည်နှင်ဒဏ်ပေးနိုင်ရေး လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားသည်။

ထို့အပြင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ ငှားရမ်းလုပ်ကိုင်စေမှုဖြင့် အမည်မဖော်ပြထားသည့် ကန်ထရိုက်တာ ၃ ဦးအား အာဏာပိုင်များက အရေးယူထားသည်။

အဆိုပါ စီမံကိန်း မြေကွက် ပိုင်ရှင်ဟောင်းက မိမိအနေဖြင့် မြေကွက်ကို ရောင်းချခဲ့ခြင်းသာဖြစ်ပြီး တရားမဝင် အလုပ်သမား ခန့်ထားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် အလုပ်သမားများသည် စီမံကိန်း၏ တိုက်ရိုက် ကြီးကြပ်စီမံမှုအောက်တွင်သာ ရှိကြောင်း ငြင်းဆိုထားသည်။ စီမံကိန်း ပိုင်ရှင် အသေးစိတ်ကိုမူ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံ လူထုမှ အများပြည်သူနှင့်ဆိုင်သော ရေနုတ်မြောင်း/ ရေချောင်းများကို ကျူးကျော်လုပ်ကိုင်မှု ရှိမရှိ စစ်ဆေးပေးရန် တောင်းဆိုခဲ့သည့်အတွက် စစ်ဆေးရေးပြုလုပ်ရာမှာ ယခုကဲ့သို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ကိုးကား – Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

ဘန်ကောက်တွင် ကလေးများကို နှိပ်စက်ပြီး ဈေးရောင်းခိုင်းသည့် မြန်မာနိုင်ငံသား ၃ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးသူငယ်များအား ညဉ့်နက်သန်းခေါင်အထိ လမ်းပေါ်တွင် ကုန်ပစ္စည်းများ အတင်းအဓမ္မ လိုက်လံရောင်းချခိုင်းပြီး၊ အရောင်းသတ်မှတ်ချက်မပြည့်လျှင် ရိုက်နှက်ညှင်းပန်းခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့မှ လက်ကျိုးနေသည့် ဒဏ်ရာအပြင်းအထန်ဖြင့် အသက်...