အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။

လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း သမ္မတအဖြစ် ထိုင်းနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်ပြီး၊ သံတမန်ရေးအရ ပိတ်ဆို့ခံထားရသည့််အခြေအနေများမှ ရုန်းထွက်ရန် အရေးကြီးသည့် ကြိုးပမ်းမှုတစ်ခုလည်းဖြစ်သည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ သီးသန့်ဆွေးနွေးပွဲများ၊ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲအပြင် “ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆” ကိုလည်း တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

အလားတူ နယ်စပ်ဖြတ်ကျော် ကျူးလွန်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု ပြဿနာများကိုလည်း ယခုခရီးစဉ်အတွင်း အဓိကထည့်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် လက်တွေ့ဆက်ဆံရေးတွင် တိုးတက်မှုများ ရရှိအောင် ဆောင်ရွက်မည့် “အခြေအနေကိုကြည့်၍ ပြန်လည်ထိတွေ့ဆက်ဆံရေး” (Calibrated Re-engagement) မူဝါဒကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားသည်။

တဖက်တွင်လည်း ယူကေအခြေစိုက် ဗမာရိုဟင်ဂျာအသင်း (BROUK) က အာဏာသိမ်း သမ္မတ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဖမ်းဆီးပြီး အာဂျင်တီးနားနိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရန် ထိုင်းအာဏာပိုင်များအား ညှိနှိုင်းပေးစေလိုကြောင်း အာဂျင်တီးနား တရားရုံးတွင် တောင်းဆိုထားသည်။

ထို့အပြင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် Justice for Myanmar ကဲ့သို့ အဖွဲ့အစည်းများမှ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ထားသည့် စစ်ခေါင်းဆောင်တစ်ဦးအား ယခုကဲ့သို့ ကော်ဇောနီခင်းကြိုဆိုခြင်းသည် စစ်အာဏာရှင်အစိုးရအား မဟုတ်မမှန်တရားဝင်မှု ပေးအပ်ရာရောက်သည်ဟု ဝေဖန်ထောက်ပြထားသည်။

ကိုးကား – Khaosod English

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

ဘန်ကောက်တွင် ကလေးများကို နှိပ်စက်ပြီး ဈေးရောင်းခိုင်းသည့် မြန်မာနိုင်ငံသား ၃ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးသူငယ်များအား ညဉ့်နက်သန်းခေါင်အထိ လမ်းပေါ်တွင် ကုန်ပစ္စည်းများ အတင်းအဓမ္မ လိုက်လံရောင်းချခိုင်းပြီး၊ အရောင်းသတ်မှတ်ချက်မပြည့်လျှင် ရိုက်နှက်ညှင်းပန်းခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့မှ လက်ကျိုးနေသည့် ဒဏ်ရာအပြင်းအထန်ဖြင့် အသက်...