ဘန်ကောက်တွင် ကလေးများကို နှိပ်စက်ပြီး ဈေးရောင်းခိုင်းသည့် မြန်မာနိုင်ငံသား ၃ ဦးဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးသူငယ်များအား ညဉ့်နက်သန်းခေါင်အထိ လမ်းပေါ်တွင် ကုန်ပစ္စည်းများ အတင်းအဓမ္မ လိုက်လံရောင်းချခိုင်းပြီး၊ အရောင်းသတ်မှတ်ချက်မပြည့်လျှင် ရိုက်နှက်ညှင်းပန်းခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။

ရဲတပ်ဖွဲ့မှ လက်ကျိုးနေသည့် ဒဏ်ရာအပြင်းအထန်ဖြင့် အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးကို ကယ်တင်ပေးနိုင်ခဲ့ပြီး ထိုဖြစ်စဉ်မှဆက်စပ်ကာ နောက်ဆက်တွဲပြစ်မှုကျူးလွန်သူများကိုဖမ်းမိခြင်းဖြစ်သည်။

ဘန်ကောက်မြို့၊ Suan Luang ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး၊ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင်  ထိုနေအိမ်အတွင်း စပိတ်လှောင်ခြင်းခံထားရသည့် အခြားကလေးငယ် ၅ ဦးကိုလည်း ထပ်မံကယ်တင်နိုင်ခဲ့ကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ဆယမ် (Pol Lt Gen Sayam Boonsom) ၏ ပြောကြားချက်အရသိရသည်။ 

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သံသယရှိသူများသည် အသက်မပြည့်သေးသည့် ကလေးငယ်များအား နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ ၁၂ နာရီတိုင်တိုင် ဘန်ကောက်မြို့အနှံ့ရှိ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေး ဝန်ဆောင်မှုပေးသည့်နေရာများတွင် သွားလာလှုပ်ရှားကာ ပန်းများနှင့် မုန့်များကို လိုက်လံရောင်းချခိုင်းခြင်းဖြင့် ခေါင်းပုံဖြတ်ခဲ့ကြကြောင်းသိရသည်။

ကလေးငယ်များသည် ၎င်းတို့ သတ်မှတ်ထားသော အရောင်းသတ်မှတ်ချက်များ မပြည့်မီလျှင် ရိုက်နှက်ခြင်းနှင့် အစာငတ်ခံထားခြင်းစသည့် နှိပ်စက်မှုများကို ပြုလုပ်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သည်။ ကယ်တင်ခြင်းခံရသည့် ကလေးငယ်များမှာလည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုဝင် ကလေးငယ်များဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိတွင် ဘန်ကောက်ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၃ ဦးအား ကလေးအလုပ်သမား ဥပဒေချိုးဖောက်မှု၊ ကလေးသူငယ်များအပေါ် ရက်စက်စွာ ညှင်းပန်းနှိပ်စက်မှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်မှုများဖြင့် အမှုဖွင့်လှစ်ထားပြီး လူကုန်ကူးမှုမြောက်ခြင်း ရှိ၊ မရှိကိုပါ အထူးအဖွဲ့ဖြင့် ဆက်လက်စစ်ဆေးလျက်ရှိသည်။

ကလေးငယ် ၆ ဦးစလုံးအား လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့များ၏ လက်အောက်သို့ လွှဲပြောင်းပေးထားပြီး၊ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထူးဂရုစိုက် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုးကား – Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေသော အွန်လိုင်းလောင်းကစားကွန်ရက်ကို ဒွန်မောင်းတွင် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းဧရိယာအတွင်း တစ်လလျှင် ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့်လည်ပတ်နေသော တရားမဝင် အွန်လိုင်းလောင်းကစားရုံတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီးလောင်းကစားကွန်ရက်အတွင်း ပါဝင်နေသူ ၂၀၀ ဦးခန့် ဖမ်းဆီးရမိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ သြဂုတ် ၂၇ ရက် ညအချိန်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွမ်ထမ်း...

ဘန်ကောက် တရားမဝင် ကာရာအိုကေဆိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Srivara လမ်းရှိ Town in Town Hotel ဘေးတွင် ဖွင့်လှစ်ထားသော တရားမဝင် ကာရာအိုကေ ဘားတစ်ခုအတွင်း မူးယစ်ဆေးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနကဖော်ပြသည်။ ယမန်နေ့ (ဩဂုတ်လ ၁၅ )ရက် ညပိုင်းတွင် ဘန်ကောက်မြို့၊...

ဘန်ကောက်တွင် မြန်မာနိုင်ငံသားလင်မယားရန်ဖြစ်သည်ကို ဝင်တားပေးသည့် ထိုင်းအလုပ်ရှင် သေဆုံး

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခေ့ (Bang Khae ) နယ်မြေတွင် မြန်မာနိုင်ငံသားလင်မယားနှစ်ဦး စကားများရန်ဖြစ်သည်ကို သေနတ်ဖြင့် ဝင်ရောက်ဟန့်တားပေးရန်ကြိုးစားခဲ့သည့်ထိုင်းအလုပ်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးသွားကြောင်း ထိုင်းသတင်းဌာတစ်ခုဖြစ်သည့် Khaosod-English တွင်ဖော်ပြထားသည်။ အသက် ၂၃ နှစ်အရွယ် စိုင်းဟန်ဆိုသည့် မြန်မာနိုင်ငံသားမှ ၎င်း၏အမျိုးသမီးဖြစ်သူအား နာကျင်အောင်ပြုလုပ်ရန်ကြိုးစားသည့်အချိန် အလုပ်ရှင်ဖြစ်သူအသက် ၇၀...

အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား

0
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ၂ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်...

ဘန်ကောက် ဆောက်လက်စ မိုးမျှော်တိုက် ပြိုကျသည့်အပျက်အစီးထဲ လူ ၈၁ဉီး ပျောက်ဆုံးပြီး၊ ၃ဉီးသေဆုံး

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ ဆောက်လက်စတိုက်သစ် သည် ယနေ့ (မတ် ၂၈)ရက် ထိုင်းစံတော်ချိန် ၁နာရီခွဲတွင် အင်အားပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့ပြီး၊ ၎င်းအဆောက်အဉီ၏ အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူ ၈၁ဉီးရှိပြီး သေဆုံးသူ ၃ဦး ရှိကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများဖော်ပြချက်အရသိရသည်။ ပြိုကျသွားသည့် အဆောက်အဉီ၏...