အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်)တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် (Sihasak Phuangketkeow) က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး၌ မြန်မာနိုင်ငံအား သံတမန်ရေးရာ ကဏ္ဍအတွင်းသို့ ပြန်လည်ခေါ်ဆောင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ လူချင်းတွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေသော်လည်း ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်ကောင်စီက ဖြုတ်ချခဲ့ပြီးကတည်းက အာဆီယံ၏ အဓိကအစည်းအဝေးများတက်ရောက်ခွင့် ကန့်သတ်ခံထားရသည်။

လက်ရှိတွင် ပြည်တွင်းစစ်များ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်နိမိတ် ထိစပ်နေပြီး မြန်မာဒုက္ခသည် သန်းပေါင်းများစွာကို လက်ခံထားသည့် ထိုင်းနိုင်ငံသည် ဝိုင်းပယ်ခံထားရသော မြန်မာနိုင်ငံအား ပြန်လည်ပေါင်းစည်းရေးအတွက် ဦးဆောင်တွန်းအားပေးလျက်ရှိရာ ယင်းလုပ်ရပ်က အာဆီယံအဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများကို ပိုမိုဖြစ်ပေါ်လာလျက်ရှိသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်သည် “နှစ်ဘက်ပြိုင်တူ ချဉ်းကပ်သည့် မူဝါဒ” (Dual-track approach) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ AFP သို့ ပြောခဲ့သည်။

“ကျနော်တို့ ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးတဲ့ နှစ်နိုင်ငံ အကြောင်းအရာတွေ ရှိပါတယ်။ အဲဒါတွေကတော့… နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ လိမ်လည်မှု (Scams) တွေနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေ ဖြစ်ပါတယ်” ဟု ထိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ ချဉ်းကပ်ဆောင်ရွက်ခြင်းသည် အာဆီယံ၏ ကာလရှည်ကြာ ကျင့်သုံးလာသည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5PC) ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော်လည်း ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည့် အစည်းအဝေး၌ အာဆီယံ မိတ်ဖက်များအား “တိုးတက်မှုတွေကို ဘာနဲ့ တိုင်းတာမလဲ” ဆိုသည်ကို စဉ်းစားကြရန် တောင်းဆိုခဲ့ကြောင်းလည်း ထိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

“အကယ်၍ မြန်မာအစိုးရက အာဆီယံ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးလိုက်ရင် အဲဒါကို တိုးတက်မှုတစ်ခုလို့ တိုင်းတာမှာလား။ အကယ်၍ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေ လျော့ကျသွားရင်ရော အဲဒါကို တိုးတက်မှုလို့ သတ်မှတ်မှာလား ၊ ကျနော်တို့ ပြောချင်တဲ့အချက်က လက်တွေ့ဆန်ဖို့ လိုတယ်ဆိုတာပါပဲ” ဟု ၎င်းက ဆိုသည်။

“ထိုင်းနယ်စပ်ဘက်ခြမ်းမှာရှိတဲ့ အဲဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် ကျနော်တို့ ကူညီပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ ဒါဟာ အခြေခံ အုတ်မြစ်ပါပဲ ” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

သို့သော် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) က လက်ရှိ နှစ်စဉ် အလှည့်ကျကျင့်သုံးနေသည့် စနစ်မှာ “အမှန်တကယ် ထိရောက်မှုမရှိခဲ့ကြောင်း” ဝန်ခံခဲ့ပြီး၊ အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ရေရှည် အမြဲတမ်းသံတမန်တစ်ဦး ခန့်အပ်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ကိုးကား – NST

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

မြန်မာကလေးငယ်အပါ ကလေးငယ် ၁,၃၀၀ ကျော် ပန်းရောင်ကတ် တရားမဝင် မှတ်ပုံတင်ပေးမှု ထိုင်းတနိုင်ငံလုံးစစ်ဆေးမှုစတင်

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒိန်း (Din Daeng) ခရိုင်ရှိ ပြည်သူ့အိမ်ရာတိုက်ခန်း၊ အိမ်ရာများတွင် မြန်မာနိုင်ငံသား ကလေးငယ် အများစုပါဝင်သည့် ရွှေ့ပြောင်းကလေး ၁,၃၀၀ ကျော်အား တရားမဝင် ပန်းရောင်ကတ် (Pink Card) မှတ်ပုံတင်ပေးခဲ့သည့် အမှုအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး စုံစမ်းစစ်ဆေးမှုများ...

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...