သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။

ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား လိုအပ်ချက်က ပိုမိုမြင့်မားလာလျက်ရှိသည်။

ထိုင်းနိုင်ငံတွင် စက်ရုံများ ပိတ်သိမ်းရမှုကြောင့် အလုပ်ထုတ်ပယ်ခံရသူများ၏ ၉၄% ကျော်မှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြပြီး ကျန်ရှိသည့် ပမာဏမှာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။ 

သို့သော်လည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာများကြောင့် ကမ္ဘောဒီးယား အလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်သွားကြသည့်အတွက် ထိုင်းနိုင်ငံ၏ ပို့ကုန်နှင့် အထည်ချုပ် စက်မှုလုပ်ငန်းများတွင် လုပ်သားအင်အား အလွန်အမင်း လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိသည်။

ဆန်တင်ပို့ရေး ကဏ္ဍတွင် ကမ္ဘောဒီးယား အလုပ်သမားများ မရှိတော့သဖြင့် သင်္ဘောပေါ် ကုန်တင်ကုန်ချ လုပ်ကိုင်သူ (Stevedores) ရှားပါးမှုပြဿနာကို ဖြေရှင်းရန် ထိုင်းဆန်တင်ပို့သူများက မြန်မာအလုပ်သမားများကို သင်တန်းပေး၍ အစားထိုးရန် ကြိုးပမ်းနေကြသည်။ 

သို့သော်လည်း မြန်မာအလုပ်သမား အများစုမှာ လေးလံသော ကုန်တင်ကုန်ချ အလုပ်များထက် စားသောက်ဆိုင်၊ စတိုးဆိုင်၊ အိမ်အကူ သို့မဟုတ် စက်ရုံအလုပ်များကိုသာ ပိုမိုနှစ်သက်ကြသဖြင့် ရာနှုန်းပြည့် အစားထိုးနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ထို့ပြင် အလုပ်သမား ၄၀,၀၀၀ ခန့် ထပ်မံ လိုအပ်နေသည့် ထိုင်းအထည်ချုပ် စက်မှုလုပ်ငန်းတွင်လည်း စုစုပေါင်း လုပ်သားအင်အား၏ ၂၀% မှ ၃၀% အထိကို မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက အဓိက တာဝန်ယူထားကြရသည်။

 ထိုင်းအထည်ချုပ် ထုတ်လုပ်သူများအသင်း အကြံပေး မစ္စတာ ယို့ဆသွန် ကိဂျ်ကူဆွန် ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံသည် သက်ကြီးရွယ်အို လူ့အဖွဲ့အစည်း ဖြစ်လာသဖြင့် စက်ချုပ်လုပ်ငန်းများသို့ ထိုင်းလူငယ် အလုပ်သမား ဝင်ရောက်မှု မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံမှ MoU သဘောတူညီချက်ဖြင့် ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ် ပြောင်းလဲလိုက်မှုကြောင့် နည်းပညာဆိုင်ရာ အခက်အခဲများ ရှိနေခြင်း၊ လူကိုယ်တိုင် စိစစ်အတည်ပြုရန် လိုအပ်နေသေးခြင်းနှင့် တောင်းဆိုထားသည့် အလုပ်သမား အရေအတွက်အတိုင်း မရရှိခြင်း စသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ 

ထို့ပြင် အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများတွင် အထည်ချုပ် လိုအပ်သည့် သီးခြား စက်ချုပ်ကျွမ်းကျင်မှု မရှိကြသဖြင့် လေ့ကျင့်သင်ကြားပေးရန် လိုအပ်နေသေးကြောင်း ထောက်ပြထားသည်။

ထိုင်းနိုင်ငံ၏ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (FTI) ကမူ စီးပွားရေး နှေးကွေးမှုနှင့် စက်ရုံများ ပိတ်သိမ်းရမှုများ ရှိနေသော်လည်း အဓိက စက်မှုလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်း မကျဆင်းစေရန်အတွက် မြန်မာနှင့် လာအို ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများမှ MoU စနစ်ဖြင့် ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူရေး ထိရောက်မှုကို ပိုမိုမြှင့်တင်ပေးရန် ထိုင်းအစိုးရအား တိုက်တွန်းထားသည်။

ကိုးကား – Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...