တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။

လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့် ပေးဆောင်နေရကြောင်း ပတ်စပိုစ့်လုပ်ပေးနေသည့် ပွဲစားနှင့် ခရီးသွားလာသူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလုပ်အကိုင် ပတ်စပိုစ့် (PJ) ကိုင်ဆောင်သူများမှာမူ ပိုမိုတင်းကျပ်စွာ ကန့်သတ်ခံထားရသဖြင့် တစ်ဦးလျှင် ဘတ် ၇,၀၀၀ မှ ၈,၀၀၀ ခန့်အထိ ပေးဆောင်ကာ ပွဲစားလမ်းကြောင်းများဖြင့် ဖြတ်သန်းနေရသည်။

“PV ကတော့ အလည်အပတ်ဗီဇာဆိုတော့ တရားဝင် ပေးဖြတ်တယ်။ ဒါပေမယ့် PJ ကတော့ တရားဝင် ဖြတ်လို့မရဘူး၊ ပိုက်ဆံပေးပြီးမှ ဖြတ်ရတာ။ တံတားဖြတ်ခတင် ဘတ် ၇ ထောင်၊ ၈ ထောင်လောက် ကုန်တယ်” ဟု ပွဲစားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က ရန်ကုန်နှင့် ဟဲဟိုးမြို့မှ လေကြောင်းဖြင့် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၄၀ ကျော် တာချီလိတ်လေဆိပ်တွင် တာဝန်ရှိသူများက စစ်ဆေးမေးမြန်းခဲ့ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ထံတွင် နိုင်ငံကူးလက်မှတ် (Passport) များ တွေ့ရှိခဲ့သဖြင့် ပြည်ပသို့ တရားမဝင် ထွက်ခွာမည်ဟု ယူဆကာ ခရီးစဉ်ကို ရပ်နားစေပြီး နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် နိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်သူများကို အဓိက ပစ်မှတ်ထားခြင်းဖြစ်ပြီး တရားဝင် စာရွက်စာတမ်း ရှိသော်လည်း ပြည်တွင်းလေဆိပ်များတွင်ပင် ခရီးသွားခွင့် ကန့်သတ်ခံနေရသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။

“အဓိကတော့ PV နဲ့ PJ သမားတွေ။ ရန်ကုန်လေဆိပ်ကနေ ထွက်ဖို့ အခက်အခဲရှိလို့ တာချီလိတ်ဘက်ကို လာကြတာ။ ဒါပေမယ့် နယ်စပ်မှာ ပေးမဖြတ်တာက တကယ်တော့ ရစ်ချင်တာ၊ ငွေညှစ်ချင်တာပဲ” ဟု အဆိုပါပွဲစားတစ်ဦးက ထပ်လောင်းပြောသည်။

အခြားတစ်ဖက်တွင်လည်း ထိုင်းနိုင်ငံအတွင်းသို့ လေကြောင်းဖြင့် ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအတွက် ယခင်က ရှိခဲ့သော အထူးအခွင့်အရေး (VIP Pass) များမှာ လွန်ခဲ့သော လေးပတ်ခန့်မှစ၍ ရပ်နားသွားပြီ ဖြစ်ကြောင်း ခရီးသွားအေဂျင်စီများက သတိပေးထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လိုသူများအနေဖြင့် အသွားအပြန် လေယာဉ်လက်မှတ်၊ ဟိုတယ် Booking အထောက်အထား၊ TADC (Thailand Arrival Card) ဖောင်ဖြည့်သွင်းထားမှု၊ Show Money အဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့် ငွေသားဖြင့် ပြသရန် လိုအပ်ကြောင်း ဆိုသည်။

၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စစ်ကော်မရှင်က ပြဋ္ဌာန်းလိုက်သည့် နိုင်ငံကူးလက်မှတ်ဥပဒေသစ်အရ ပတ်စပိုစ့်အသစ်လျှောက်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းများအတွက် UID တင်ပြရန် မဖြစ်မနေ လိုအပ်လာသည်။

စစ်ကော်မရှင်က အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံကူးလက်မှတ်ဥပဒေအရ ပြည်ပရောက် မြန်နိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရာတွင် UID ခေါ် ကိုယ်ပိုင်သက်သေခံလက်မှတ်မရှိပါက ပြည်တွင်းသို့ ပြန်လာ၍သာ ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပသံရုံးများသည် နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ တိုက်ရိုက်ခွင့်ပြုချက်မရှိဘဲ ပတ်စပိုစ့် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းများကို လုပ်ဆောင်ပိုင်ခွင့် မရှိတော့ကြောင်း ဥပဒေသစ်တွင် တားမြစ်ထားသည်။

၂၀၂၇ ခုနှစ်တွင် စတင်ရန် ပြင်ဆင်နေသည့် အီလက်ထရောနစ်ပတ်စပို့ (E-Passport) စနစ်ကို ပြောင်းလဲပါကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းသို့ ပြန်လာ၍သာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပတ်စပို့နှင့် ပတ်သက်၍ အတုပြုလုပ်ခြင်း သို့မဟုတ် တစ်ပါးသူ၏ စာအုပ်ကို သုံးစွဲခြင်းများအတွက် အနည်းဆုံး ထောင်ဒဏ် ၃ လမှ ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေသစ်တွင် ပြင်းထန်စွာ ပြဋ္ဌာန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...