အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးမည်ဟု စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားသည်။

အထူးသဖြင့် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ (Scam Centers)၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု မြင့်တက်လာခြင်းနှင့် မြန်မာဘက်ခြမ်း မြေရှားသတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ပြဿနာများကို ထိရောက်စွာဖြေရှင်းရန် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း စီးပွားရေးဖိုရမ်တစ်ခုသို့လည်း တက်ရောက်ရန် စီစဉ်ထားသော်လည်း ထိုင်းပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်မှုနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသည်။

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်တွင်းစစ်ကြောင့် နယ်မြေအများအပြား ဆုံးရှုံးနေရချိန်နှင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ခြင်းဖြင့် သံတမန်ရေးရာ အခွင့်အလမ်းတစ်ခုကို ရှာဖွေနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...