အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ သမ္မတဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် တရားဝင် အာဆီယံခရီးစဉ်အဖြစ် ယခုလအစောပိုင်းက လာအိုနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်ဇယားကို ထုတ်ဖော်ထားခြင်းမရှိသေးပေ။

ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအား အာဆီယံနှစ်ပတ်လည် ထိပ်သီးအစည်းအဝေးများမှ ချန်လှပ်ထားခဲ့ရာမှ လက်ရှိတွင် ဒေသတွင်းမဟာမိတ်အဖွဲ့အဖြစ် အပြည့်အဝ ပြန်လည်လက်တွဲလာနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဓိကနိုင်ငံ ဖြစ်လာသည်။

အာဆီယံမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထိုစဉ်က စစ်ကောင်စီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိခြင်းကြောင့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးအတွင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ် (Sihasak Phuangketkeow) က အဆိုပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လက်တွေ့ကျသော ဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

ထို့အပြင် အစည်းအဝေးပြင်ပတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ ဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အိမ်နီးနားချင်းနိုင်ငံများအဖြစ် ရင်းနှီးသော ဆက်ဆံရေးကို ပြန်လည်အတည်ပြုခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၎င်းဆွေးနွေးပွဲတွင် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေတို့အား အဓိကဆွေးနွေးခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက ထိုင်းနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့သေးသည်။

ကိုးကား – Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...