အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် စီးပွားရေးကျပ်တည်းနေချိန်တွင် ထွက်ပေါက်ရှာသည့်အနေဖြင့် ခရီးစဉ်အတွင်း ကျင်းပမည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်ရန် အစီအစဉ်ရှိနေသည်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ယာယီသမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ၎င်း၏အစိုးရအား ဒေသတွင်းနိုင်ငံများက အသိအမှတ်ပြုလာစေရန် သံတမန်ရေးရာအနေဖြင့် ပြည်ပခရီးစဉ်များကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခြင်း ဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် မေလကုန်ပိုင်းမှ ဩဂုတ်လအစောပိုင်းအထိ လေးလအတွင်း အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ အစဉ်လိုက် သွားရောက်ခဲ့ပြီး ဖြစ်သည်။













Leave a Comments