Thursday, April 25, 2024

ရွှေ့ပြောင်းအလုပ်သမား

နှစ်ထပ်ကွမ်း ဒုက္ခတွေကြုံနေရတဲ့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံသည် လုပ်ခလစာ မြင့်မားမှုကြောင့် မြန်မာပြည်သူ အများစု ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ရာ နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာပြည်၏ ရှည်ကြာသည့် ပြည်တွင်းစစ်ကြောင့် လူနေမှုဘဝ အကျပ်အတည်းသည် နိုင်ငံသားများကို ပြည်ပနိုင်ငံသို့ ထွက်ပြီး အလုပ်လုပ်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ကာ ၂၀၂၁ ခုနှစ်...

လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ

ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း...

တရုတ်ပြည်ဝင်ရန် တိုကင်နံပါတ်စောင့်ဆိုင်းသူအချို့ တစ်လနီးပါး ကြာသည်အထိ မရရှိ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်သို့ ရောက်ရှိနေသည့် တရုတ်ပြည်အတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန်အတွက် တိုကင်နံပါတ် စောင့်ဆိုင်းနေသူများ အချို့သည် တစ်လနီးပါး ကြာသည်အထိ နံပါတ်မရသဖြင့် နေရပ်သို့ ပြန်သွားရသူလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင်၊ ဆင်ဖြူဂိတ် နှင့် ငွေဆင်ဝန်ထမ်းအိမ်အနီး တရုတ်ပြည် ဝင်ရန်အတွက်...

အဒေါ်၏ ရည်းစားလက်ချက်ကြောင့် အသတ်ခံရသည့် ထိုင်းရောက် သျှမ်းကလေး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်းနေထိုင်သည့် အသက် (၆)နှစ် အရွယ်ရှိ သျှမ်းရွှေ့ပြောင်း ကလေးငယ်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ . ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲ ကလေးကျောင်းဆင်းချိန်၌ အသက် (၂၉) နှစ်အရွယ် စိုင်းကောင်ခမ်းဆိုသူက သွားကြိုပြီး ချင်းမိုင်ခရိုင်...

လွယ်လွယ်နဲ့ မရတဲ့ တရားဝင် အလုပ်လုပ်ခွင့်

"ကြက်ဥတစ်ကဒ် နဲ့ ခေါက်ဆွဲခြောက်တစ်ဖာ ဘယ်လောက်လဲ … ။" . ဇော်အောင် က ဈေးသည်ထံ အသံတိမ်တိမ်နဲ့ မေးလိုက်သော အသံဖြစ်ပါတယ်။ သူဟာ တစ်ချိန်က ဇင်းမယ်လို့ မြန်မာတို့ခေါ်ကြတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ အလုပ်လာလုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ယောက်ပါ။ ရွှေ့ပြောင်း အလုပ်သမားတွေက ချွေချွေတာတာ စားသောက်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံ နဲ့...

တိုင်းတပါးက လိင်အမြတ်ထုတ်သူကို သတိထားပါ

အလုပ်ရှာပေးတဲ့ ပွဲစား စိုင်းပ (အမည်လွှဲ) ဟာ အလုပ်ရှင်အိမ်ကို ရုတ်တရက် ရောက်လာပါတယ်။ အဲ့အချိန်က နေ့လည်ခင်းဖြစ်ပေမယ့် “အဒေါ်က တွေ့ချင်တယ်ဆိုတဲ့ လိမ်ညာခေါ်ဆိုခဲ့ပါတယ်” သူဌေးကလည်း ပွဲစားကို ယုံကြည်မှုကြောင့် နန်းနန်း တယောက်ဟာ ပွဲစားခေါ်ရာ ကားနောက်ကို တကောက်ကောက်လိုက်ပါ သွားခဲ့ပါတယ်။ နန်းနန်း ဟာ နေပူကြဲကြဲချိန် ကားပေါ်ကနေ...

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါ် ကညင်ဖြူ သစ်ကိုင်းကျိုးကျ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် သရဖီ (Saraphi) မြို့နယ် နောင်ဖင်ကျေးရွာအုပ်စုရှိ ကညင်ဖြူပင် ကျိုးကျပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁) ဦးပေါ် ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေ (၃၁) ရက် ညနေပိုင်း (၅) နာရီတွင် ဆိုင်ကယ်စီးလာသည့် အသက် (၃၇)...

ထိုင်းရောက် မြန်မာနိုင်ငံသား ပတ်စပို့ သက်တမ်းတိုးရန် စစ်ကောင်စီမှ တင်းကြပ်လာ

ထိုင်းရောက် မြန်မာနိုင်ငံသားများ ပတ်စပို့ သက်တမ်းတိုးရန်အတွက် လက်ရှိမှာ စစ်ကောင်စီမှ ထုတ်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များကြောင့် အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ နိုင်ငံကူးလက်မှတ် အမျိုးအစားဖြစ်သည့် အလည်အပတ် ပတ်စပို့ ( PV) နှင့် ပညာရေး ပတ်စပို့ (PE) ကို ယခု ၂၀၂၃ ခုနှစ် နောက်ပိုင်းမှစပြီး...

တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသား ပြည်ဝင်ခွင့်မရ

တရုတ်နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသား ပြည်တွင်းပြန်ဝင်လာရန်စောင့်ဆိုင်းနေသည်ကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးမှ လက်မှတ်ထိုးလက်ခံပေးခြင်းမရှိသည့်အတွက်ကြောင့် ပြန်ဝင်လာခွင့်မရကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်တွင်းသို့ ပြန်ဝင်လာရန် ရွှေလီမြို့တွင် စောင့်ဆိုင်းနေကြပြီး မြန်မာနိုင်ငံဘက်က ပြန်လက်ခံရန် ကြန့်ကြာနေသည့်အတွက်ကြောင့် ပြည်ဝင်ခွင့်မရသေးကြောင်း သိရသည်။ “ မြန်မာပြည်ကို ပြန်ဝင်လာဖို့စောင့်နေကြတာ။ ဒီမြန်မာဘက်က လက်မခံပေးလို့ ပြန်လာလို့မရသေးတာ။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက...

မိုင်းလား ရွှေ့ပြောင်းအလုပ်သမား တစ်သောင်းကျော် နေထိုင်ခွင့်ကဒ်လုပ်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနယ်နယ်အရပ်ရပ်မှ ပြည်သူ တစ်သောင်းကျော်သည် မိုင်းလား အထူးဒေသ(၄)သို့ ရွှေ့ပြောင်းအလုပ်လုပ်ကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ပညာရေး၊ စီးပွားရေး အဆမတန် ကျဆင်းလာနေသည့်အပြင်...

Latest news