ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။

အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း ကြိုးဖြင့်တုပ်နှောင်ထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ နံနက်အစောပိုင်း ၁:၂၃ နာရီမှ ၂:၂၀ နာရီအတွင်း ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ အမျိုးသား ၁၀ ဦးထက်မနည်း ပါဝင်သည့် လူတစ်စု ဝင်ရောက်လာပြီး လုံခြုံရေးဝန်ထမ်းကို ကိုယ်ထိလက်ရောက် ရိုက်နှက်ကာ ခြေလက်များကို ကြိုးဖြင့်တုပ်နှောင်ခဲ့ကြောင်း သိရသည်။

CCTV မှတ်တမ်းများအရ ကျူးလွန်သူများသည် အသင့်စောင့်ဆိုင်းနေသည့် ပစ်ကပ်ထရပ်ကား နှစ်စီးပေါ်သို့ လျှပ်စစ်ကေဘယ်ကြိုးအသစ် အမြောက်အမြား တင်ဆောင်ပြီးနောက် အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၆ ရက် ညနေ ၅ နာရီခန့်တွင် သံသယရှိယာဉ်တစ်စီးသည် Ban Surasak–Phan Sadet Nok လမ်းအနီးရှိ တစ်ပတ်ရစ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါနေရာသို့ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ရဲထွေးဆိုသူနှင့်အတူ ၎င်း၏ ချစ်သူအမျိုးသမီး၊ ကလေးငယ်တစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ရဲထွေးကို ဆက်လက်စစ်ဆေးမေးမြန်းရာမှ အခြား မြန်မာနိုင်ငံသား သံသယရှိသူ ၃ ဦးဖြစ်သည့် စိုင်းထက်အောင် (၂၇ နှစ်)၊ ဝေဂန်း (၁၈ နှစ်) နှင့် ရဲကိုလင်း (၃၄ နှစ်) တို့ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၄ ဦးသည် လုယက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသော်လည်း “မောင်” ဟုသာ သိရသေးသည့် ဂိုဏ်းခေါင်းဆောင်အပါအဝင် ကျန်ရှိနေသည့် အဖွဲ့ဝင်များမှာ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်သည်။

ဘန်ဘွန်းရဲစခန်းမှ ရဲမှူးကြီး ခရစ် မာဆွတ် (Pol. Col. Krit Masuk) ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများအားလုံးသည် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ကြပြီး ၎င်းတို့အဖွဲ့သည် ယခင်က Khlong Kio၊ Nong Yai နှင့် Pluak Daeng ရဲစခန်းနယ်မြေများအတွင်း ဖြစ်ပွားခဲ့သည့် အလားတူ လျှပ်စစ်ကေဘယ်ကြိုး လုယက်မှုဖြစ်စဉ်များနှင့်လည်း ဆက်စပ်မှုရှိနိုင်ကြောင်း စုံစမ်းတွေ့ရှိထားသည်။

ထို့ကြောင့် လွတ်မြောက်နေဆဲဖြစ်သည့် ကျန်အဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ကိုးကား – Khaosod English

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...