အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အမိန့်စာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း နိုင်ငံခြားသားများ ဆက်တိုက်ဖမ်းဆီးခံနေရသည့် ဖြစ်စဉ်များ ရှိလာသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့်လည်း သတိထားရန် လိုအပ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) ၏ ပညာရေးပိုင်း တာဝန်ခံ စိုင်းကောင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိကတော့ ထိုင်းအစိုးရက တားမြစ်ထားတဲ့ အလုပ်တွေကို ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ မလုပ်ဖို့ လိုတယ်။ ထိုင်းအစိုးရက ခွင့်ပြုထားတဲ့ အလုပ်ကိုပဲ လုပ်ဖို့လိုတယ်။ အရေးကြီးဆုံးကတော့ ဆိုင်ဖွင့်ပြီး ဈေးရောင်းလို့ မရဘူး။ တစ်နေ့ကျရင် သူတို့အာဏာပိုင်တွေ လာစစ်ရင် ဖမ်းခံရနိုင်တယ်” ဟု HRDF ဖောင်ဒေးရှင်းမှ စိုင်းကောင်းက ပြောသည်။

ဇန်နဝါရီလ ၁၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိုင်းပစ္စည်းပို့သမားများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား အမည်ခံပြီး မြန်မာနိုင်ငံသားများက ဆိုင်ဖွင့် ဈေးရောင်းနေသည်ဟု တိုင်ကြားချက်များ ရရှိခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသော လုပ်ငန်းအမျိုးအစားများတွင် နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်မှု မရှိရေးအတွက် ဘန်ကောက်နယ်မြေများ အပါအဝင် ထိုင်းနိုင်ငံတဝှမ်းရှိ ခရိုင်အလုပ်သမားရုံးများအနေဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေသူများနှင့် တားမြစ်အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများကို စစ်ဆေးပြီး ဥပဒေချိုးဖောက်မှု များ တွေ့ရှိပါက အရေးယူရန် ထုတ်ပြန်ထားသည်။

လက်ရှိ ထိုင်းနိုင်ငံတဝှမ်း၌ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသူများ၊ တားမြစ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသူများကို ထိုင်းအာဏာပိုင်များမှ ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်သူများက ပြောသည်။

“ပြဿနာကတော့ ပြီးခဲ့တဲ့တစ်ခေါက်က Grab (ပစ္စည်းပို့) သမားကို ဝိုင်းရိုက်တာက စတာပဲ။ ပြီးတော့ မြန်မာအချင်းချင်း ရန်ဖြစ်ကြတာရယ်။ အဲ့ကတည်းက စပြီးတော့ အထောက်အထား မရှိတဲ့သူတွေ၊ တရားမဝင် အလုပ်လုပ်နေတဲ့သူတွေ၊ တားမြစ်ထားတဲ့ အလုပ်တွေမှာ ဝင်လုပ်နေတဲ့သူတွေကို လိုက်လံဖမ်းဆီးနှိမ်နှင်းနေတာပေါ့” ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်က ပတ္တယားမြို့ရှိ ဈေးတစ်ခုထဲတွင် မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၆ ဦးကို ထိုင်းအာဏာပိုင်ဘက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်အတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဈေးအတွင်း ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထား မရှိသော မြန်မာနိုင်ငံသား ၈ ဦး၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ တားမြစ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၈ ဦးနှင့် ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်သည့် မြန်မာနိုင်ငံသား ၁ ဦး စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံထဲ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်နေသည် ဖြစ်စေ၊ တားမြစ်အလုပ်များ လုပ်ကိုင်နေသည်ဖြစ်စေ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်ကာ ထိုင်းနိုင်ငံထဲ အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည် ဖြစ်သည်။

အလားတူ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ နိုင်ငံခြားသားများ ငှားရမ်းသော သို့မဟုတ် ထိုင်းအစိုးရမှ ခွင့်ပြုထားသည့် အတိုင်းအတာထက် ကျော်လွန်၍ နိုင်ငံခြားသားများကို အလုပ်လုပ်ခွင့်ပြုသော အလုပ်ရှင်များသည် နိုင်ငံခြားသားများကို ငှားရမ်းပါက ဒဏ်ငွေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်ခံရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဈေးရောင်း/ လှည့်လည်ရောင်းချခြင်းလုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ပိုင်ခွင့် တားမြစ်ထားသော လုပ်ငန်း ၁၂ မျိုးရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူငယ်များသည် စစ်ရေး ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ၏ ၂၀၂၅ သြဂုတ် ၁၂ ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထူးသဖြင့် စစ်မှုထမ်းကိစ္စရပ်များကြောင့် လူငယ်အများစုသည် တရားဝင် နည်းလမ်းဖြင့်လည်းကောင်း၊ တရားမဝင် နည်းလမ်းဖြင့်လည်းကောင်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

စစ်ကော်မရှင်၏ ၂၀၂၅ အောက်တိုဘာလထုတ် လူဦးရေနှင့် သန်းခေါင်စာရင်များအရ ပြည်ပသို့ ရောက်ရှိနေသည့် လူဦးရေ ၁ ဒသမ ၁၂ သန်း ကျော်ရှိကာ အိမ်ထောင်စု ၁၀ ဦးတွင် ၇ ဦးက အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ ရောက်ရှိနေကြကြောင်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...