Monday, January 26, 2026

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။

ရဲတပ်ဖွဲ့များက ၎င်းယာဉ်များကို တားဆီးစစ်ဆေးခဲ့ရာ ကားခန်းအတွင်းနှင့် ကားနောက်ခန်းများတွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အားလုံးတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် ခရီးသွားလာခွင့် အထောက်အထားများ တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ထိုင်းရဲအရာရှိများက ပြောသည်။

ဖမ်းဆီးခံရသူများသည် စကားပြန်မှတစ်ဆင့် ထွက်ဆိုရာတွင် ချင်းရိုင်ခရိုင် မယ်ဆိုင်မှတစ်ဆင့် စက်လှေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး အလုပ်အကိုင်ရရှိရန်အတွက် ပွဲစားခ တစ်ဦးလျှင် ဘတ် ၁၃,၀၀၀ ခန့်ပေးဆောင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသည့် မှောင်ခိုကူးသူ ၃ ဦးကို တရားမဝင် ဝင်ရောက်လာသူများအား ခိုလှုံခွင့်ပေးမှု၊ ဖမ်းဆီးခြင်းမှ လွတ်မြောက်အောင် ကူညီပေးမှုတို့ဖြင့် အမူဖွင့်ထားပြီး မြန်မာလုပ်သားများကိုမူ တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်မှုဖြင့် အမူဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အားလုံးနှင့် သိမ်းဆည်းရမိသော ယာဉ်များကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ချာယို Chaiyo ရဲစခန်းသို့ ပို့ဆောင်ထားသည်။ အမှုစစ်ဆေးနေစဉ်အတွင်း ထူးခြားသည့် အခိုက်အတန့်တစ်ခုအနေဖြင့် ရဲတပ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် Sgt. Maj. Wichai Tamsamai ၏ မွေးနေ့ဖြစ်နေကြောင်း သိရသည်။

လုပ်ဖော်ကိုင်ဖက်များက ၎င်းအတွက် မွေးနေ့ကိတ်ဖြင့် အံ့အားသင့်အောင် ပြုလုပ်ပေးနေစဉ် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများကလည်း လက်ခုပ်တီးကာ မွေးနေ့သီချင်း အတူတူ ဝိုင်းဝန်းသီဆိုပေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

တားမြစ်လုပ်ငန်းများ လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးရန် ထိုင်းညွန်ကြားရေးမှူးချုပ် အမိန့်ပေး

0
ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသော အလုပ်များကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ မလုပ်စေရေးအတွက် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများကို စစ်ဆေးရန် ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်က အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသား အစားအသောက်ပို့ဆောင်သူတစ်ဦးကို ဝိုင်းဝန်းရိုက်နှိက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ကြရန် ထိုင်းအာဏာပိုင် ထပ်မံအသိပေး

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်မတိုင်ခင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ထားကြရန် ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အသိပေးလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် စုံချိုင်မော်လကွတ်စီဝမ်က မြန်မာ၊...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...