ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး သေနတ်သမားဟု သံသယရှိသူ ရဲအရာရှိတစ်ဦး မှာထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ အဆိုအရ အမျိုးသားတဉီးမှ ကျောင်းအတွင်းသို့ ကားဖြင့်ဝင်ရောက်လာခဲ့ပြီး သေဆုံးသူအမျိုးသမီးဖြစ်သူနှင့် စကားပြောခဲ့ကြောင်း ထို့နောက်တွင် သေနတ်သံတချက်ကြားခဲ့ကြောင်း ကျောင်းစားသောက်ဆိုင်အနီးတွင် သေဆုံးသူအမျိုးသမီးကို တွေ့ရှိခဲ့ရသည်။

ပစ်ခတ်မှုကြောင့် ကျောင်းတွင်ရှိနေသော ကလေးငယ်အချို့ လန့်ဖြန့်၊ ငိုယိုခြင်းများရှိခဲ့ပြီး ကျောင်းရှိကလေးငယ် ၄၄ ဦးလုံး ဘေးအန္တရာယ်ကင်းရှင်းကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သေနတ်သမားဟု ယူဆရသူမှာ သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ရဲအရာရှိတဉီးဖြစ်ကြောင်းသိရသည်။​

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

လက်ရှိတွင် ထိုသံသယရှိသူ ရဲအရာရှိ၏နေအိမ်တွင် ပိတ်ဆို့မှုများပြုလုပ်ထားပြီး အာဏာပိုင်များမှ လက်နက်ချခိုင်းရန် ကြိုးပမ်းနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ပစ်ခတ်မှုဖြစ်ပွားရသည့်အကြောင်းအရင်းအား ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

ယခုဖြစ်စဉ်သည် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံစာသင်ကျောင်းများတွင် တတိယမြောက်ပစ်ခတ်မှုဖြစ်ပြီး၊ ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်က နွန်သဘူရီမြို့ အထက်တန်းကျောင်းတစ်ခုတွင် အသက်၁၄ နှစ်အရွယ်ကျောင်းသားတစ်ဦး၏ ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလဆန်းကလည်း ကမ်ဖန်ဖတ်ခရိုင်ရှိ စာသင်ကျောင်းတစ်ခုအတွင်း အသက် ၁၄ နှစ်အရွယ်ကျောင်းသားတစ်ဦးမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

ထိုကဲ့သို့ ကျောင်းတွင်းပစ်ခတ်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာသည့်အတွက် ကျောင်းသား ကလေးငယ်များနှင့် ဒေသခံပြည်သူများကြားတွင် လုံခြုံရေးစိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာနေပြီး သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများကို ပိုမိုတင်းကျပ်ရန် တောင်းဆိုမှုများထွက်ပေါ်နေသည်။

ကိုးကား – Khaosod English

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ...

လားရှိုးမြို့ပေါ် ညအပြင်ထွက်သူများကို စစ်ကောင်စီက သေနတ်ပစ် ခြိမ်ခြောက်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက ညနေ (၆)နာရီကျော် နေအိမ်အပြင်ထွက်သူများကို သေနတ်ပစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ယခုရက်တစ်ပတ်အတွင်း၌ စစ်ကောင်စီက ည ၆ နာရီမှစတင်ပြီး နေအိမ်အပြင် မထွက်ရန် လော်စပီကာဖြင့် လိုက် ကြေညာခဲ့သည်။ ထို့နောက် ညအချိန်အပြင်ထွက်သူများကို စစ်ကောင်စီ၏ တပ်သားမျာက...

ကျေးသီးမြို့နယ် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ပစ်ပြီး ပိုင်ရှင်ကို ဓားဖြင့်ခုတ်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနင်းကျေးရွာအုပ်စု နောင်ယုန်းကျေးရွာထဲတွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို လာရောက်ပစ်ခတ်ပြီး ပိုင်ရှင်ကိုလည်း ဓားဖြင့် ပြန်လည်ခုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဩဂုတ် ၃၁) ရက် နေ့လည် (၁) နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ဖြင့် ပစ်နေသည်ကို ပိုင်ရှင်ကတွေ့ရှိပြီး...

မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး...