လားရှိုးမြို့ပေါ် ညအပြင်ထွက်သူများကို စစ်ကောင်စီက သေနတ်ပစ် ခြိမ်ခြောက်

သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက ညနေ (၆)နာရီကျော် နေအိမ်အပြင်ထွက်သူများကို သေနတ်ပစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ယခုရက်တစ်ပတ်အတွင်း၌ စစ်ကောင်စီက ည ၆ နာရီမှစတင်ပြီး နေအိမ်အပြင် မထွက်ရန် လော်စပီကာဖြင့် လိုက် ကြေညာခဲ့သည်။

ထို့နောက် ညအချိန်အပြင်ထွက်သူများကို စစ်ကောင်စီ၏ တပ်သားမျာက သေနတ်ဖြင့် လိုက်လံပစ်ခတ် ခြိမ်းခြောက်နေကြောင်း လားရှိုးမြို့ အသက် ၄၀နှစ်အရွယ်ရှိ ‌ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေ့လည်တွေဆိုရင် ကားနဲ့ ည၆ နာရီကျော်ရင် အပြင်မထွက်ဖို့ပြောတယ်။ ထွက်ရင် အရေးယူမယ် ပြောတယ်။ သူတို့ရဲ့စကားအလှပေါ့ တကယ်တမ်းကြတော့ ပစ်သတ်တာပဲ။ အခုဆိုရင် ပိုဆိုးလာတယ်” ဟု ၎င်းဒေသခံအမျိုးသားကပြောသည်။

ထို့ပြင် မတ် ၁၀ ရက် ညနေ (၆)နာရီတွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅)ဘက်တွင် စစ်ကောင်စီ၏ တပ်သားများ အပြင်ထွက်သည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်ကာ ခြေထောက်ထိမှန်သွားကြောင်း လားရှိုးဒေသခံအမျိုးသားက ထပ်လောင်းပြောသည်။

“ ကျနော်ကြားရတာတော့ စစ်သားက သေနတ်နဲ့ပစ်လိုက်လို့ အမျိုးသားတစ်ဦး ခြေထောက်ထိမှန်သွားတယ် လို့ပြောတယ်။ အတိအကျတော့ ပြောလို့မရဘူး။ ညဆိုရင်လူတွေ အပြင်မထွက်ရဲဘူး” ဟု ၎င်းအမျိုးသားက ဆိုသည်။

အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ)မှ လားရှိုးမြို့နယ်တွင်၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်တွင် မာရှယ်လော စတင်ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် မလိုက်နာသူများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

ထို့ကြေညာချက်ထုတ်ပြီးနောက် ယခုနှစ် နှစ်လကျော်အတွင်း လူ ၆ ဦးထက်မနည်းကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင်လည်း စစ်ကောင်စီဘက်မှ လားရှိုးလူငယ်များကို ဦးတည်ပြီး စစ်ဆေးမှု တင်းကြပ်ခြင်း၊ ဖမ်းဆီးမေးမြန်းခြင်းများလည်း ပြုလုပ်နေပြီး၊ ဖုန်းများလည်း စစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက် (၂၅)နှစ်အရွယ် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီရက်ပိုင်းက စစ်ဆေးတာပိုတင်းကြပ်လာတယ်။ဆိုင်ကယ်တွေစစ်တယ်၊ဖုန်းတွေစစ်တယ်။ပီရင် လူကိုမေး အတင်းကြပ်မေးတာ။နာရီဝက်လောက်‌ခေါ်ထားခံရတယ်။”ဟု ၎င်းက ပြောသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် SSPP/SSA၊ TNLA ၊ MNDAAစသည့်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...