ကျေးသီးမြို့နယ် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ပစ်ပြီး ပိုင်ရှင်ကို ဓားဖြင့်ခုတ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနင်းကျေးရွာအုပ်စု နောင်ယုန်းကျေးရွာထဲတွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို လာရောက်ပစ်ခတ်ပြီး ပိုင်ရှင်ကိုလည်း ဓားဖြင့် ပြန်လည်ခုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ကျေးသီး

ယမန်နေ့ ( ဩဂုတ် ၃၁) ရက် နေ့လည် (၁) နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ဖြင့် ပစ်နေသည်ကို ပိုင်ရှင်ကတွေ့ရှိပြီး တားမြစ်ရာမှ ဓားဖြင့်ခုတ်ခဲ့ပြီး လည်ပင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူက နွားသွားရှာချိန်မှာ စစ်တပ်က သေနတ် နဲ့ သူ့နွားကို ပစ်နေတာတွေ့တော့ သွားတားတာ။ စကားလည်းများကြမလားမသိဘူး။ နွားပိုင်ရှင်နားပါလာတဲ့ ဓားနဲ့ သူတို့က ပိုင်ရှင်ကို ပြန်ခုတ်တာ။ လည်ပင်းနား ဒဏ်ရာရသွားတယ်။ အခုတော့ ကျေးသီးဆေးရုံမှာ ဆေးကုသနေတယ်” ဟု ကျေးသီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ဦးရွှေပွန်းသည် အသက် (၆၀) ရှိနေပြီး လည်ပင်းမှာ ၁၀ ချက်နီးပါးချုပ်လိုက်ရကြောင်း သိရသည်။

ထိုသို့ ဓားခုတ်ခဲ့သည့် စစ်ကောင်စီတပ်သည် တပ်မ ၁၃၁ ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

လက်ရှိမှာ ဓားခုတ်ခဲ့သည့် တပ်သားကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တပ်မ တာဝန်ရှိသူက လာရောက်ပြောခဲ့ကြောင်း၊ ထို့အပြင် လျော်ကြေးငွေ ပေးမည်ဟုပြောဆိုသော်လည်း ယနေ့ထိသွားပေးခြင်းမရှိသေးပေ။

“ သူက အသက်ကြီးပြီ။ လည်ပင်းမှာ ၁၀ ချက် လောက်ချုပ်လိုက်ရတယ်။ စစ်ကောင်စီဘက်က တပ်မအဖွဲ့က လာတောင်းပန်တာရှိတယ်။ ဖမ်းလိုက်ပြီလို့တော့ပြောတယ်။ တကယ်ဖမ်းမဖမ်းတော့မသိဘူး။ လျော်ကြေးလာပေးမယ်လည်း ပြောတယ်။ ဘယ်နေ့ဘယ်ချိန်မှာ လာပေးမလဲ လို့ မပြောဘူး” ဟု ကျေးသီးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိမှာ ဦးရွှေပွန်းသည် ဆေးကုသရန်အတွက် ဆေးစရိတ် အခက်ခဲရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...