ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။

အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့် မိုင်ပေါင်း ၂၅မိုင်ခန့်သာ ဝေးကွာနေပြီး မိုးရာသီကာလတွင် လမ်းများ ချော်ကာ သွားလာရန် ခက်ခဲကြောင်းသိရသည်။

“သာမာန်အချိန်တောင် သွားလာရခက်တာ။ မိုးနှစ်ရက် သုံးရက်ရွာရင် လမ်းတွေက လုံးဝချော်ပြီး ဆိုင်ကယ် မတက်နိုင် မဆင်းနိုင်ဖြစ်သွားတယ်။လမ်းကျဉ်းပြီး အန္တရာယ်များတယ်။” ဟု တောင်ပေါ်ဒေသသို့ ကျန်းမာရေး ပရဟိတ လုပ်ဆောင်ပေးနေသည့် ဆရာဝန် နန်းမားလားဝမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ပိုဆိုးရွားသဖြင့် နာမကျန်း ဖြစ်သော လူနာများ ကျိုင်းတုံမြို့ရှိ ဆေးရုံနှင့်ဆေးခန်းများသို့ အချိန်မီ မရောက်နိုင်ကြဘဲ လမ်းတွင်သေဆုံးမှုများ ဖြစ်ပွားနေကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များသည် အချိန်မီဆေးကုသမှု မရရှိနိုင်သဖြင့် အန္တရာယ်ပိုကြီးမားကြောင်း ဆရာဝန် နန်းမာလာဝမ်းက ဆိုသည်။

“တောင်ပေါ်မှာကိုယ်ဘာသာမွေးရတာတွေရှိပြီး တချိုက အဆင်ပြေသွားပေမယ့် တချို့မှာ ကလေးမထွက်ဘဲ အခြေအနေဆိုးပြီး သေဆုံးတာရှိတယ်။ မြို့ပေါ်လာဖို့ကလည်း ခက်တယ်။ ဆိုင်ကယ်ကလည်း မစီးနိုင်ဘူးလေ” ဟု ၎င်းကဆိုသည်။

လူနာများသည် တောင်ပေါ်ဒေသမှ ကျိုင်းတုံမြို့ရှိ ဆေးရုံ နှင့် ဆေးခန်းသို့ ဆိုင်ကယ်ဖြင့် ၂ နာရီထက်မနည်း မောင်းရကြောင်း၊ ကိုယ်ဝန်သည်များအတွက် ဆိုင်ကယ်စီးနင်းရန် ခက်ခဲကြောင်း သိရသည်။

တောင်ပေါ်ဒေသ နေထိုင်သည့်သူများသည် ခေတ်အဆက်ဆက် အစိုးရ ဆောက်လုပ်ပေးမည့် လမ်းပန်းဆက်သွယ်ရေးကို မျှော်လင့်ခဲ့သော်လည်း မည်သည့် အစိုးရမှ ကူညီထောက်ပံ့ခြင်းမရှိခဲ့ပေ။

“ လမ်းတွေက အရမ်းဆိုးတယ်။လမ်းပန်းမကောင်းတော့ ပညာရေး၊ကျန်းမာရေး ကလည်း အဆင်မပြေဘူး။ ဒီလမ်း၊ ဆေးခန်းတွေက အစိုးရလုပ်ပေးမှ ရတဲ့အရာဆိုတော့ အစိုးရဆီကို အများကြီးမျှော်လင့်ထားတာပေါ့” ဟု ဆရာဝန် နန်းမာလာဝမ်းက ဆိုပြန်သည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာလျှင် ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်မှု သာမက ပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ အရည်အသွေးများလည်း တိုးတက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိကျေးရွာများတွင် သျှမ်း၊ အားခါ၊ အဲန်(အန်း)၊ (တအာင်း)ပလောင် စသည့် လူမျိုးစုတို့ နေထိုင်ကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...