ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူကို ပြန်ပေးဆွဲသွားကြောင်း ကျိုင်းတုံမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ နေ့လည်ကပဲ ပရိဘောဂဆိုင်ကို သေနတ်ရှည်နဲ့ ဝင်ပြီး ဆိုင်ပိုင်ရှင်ရဲ့ သမီးကို ပြန်ပေး ဆွဲသွားတာ။ ကျိုင်းတုံမှာက အခြေအအနေကို ဆိုးနေတာ။စိုးရိမ်ရတဲ့ အခြေနေတော့ ဖြစ်နေပြီ။အရင်နှစ်က မဖြစ်ဖူးဘူး တာချီလိတ်မှာ လောက်ပဲဖြစ်တာ။ပြန်ပေးဆွဲတာက ကျိုင်းတုံမှာ ဒီနှစ်ထဲမှာ ဒါပထမဆုံးပဲ။”ဟု ကျိုင်းတုံမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် (မေလ ၁၃ ရက်)တွင်လည်း  ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းအပါအဝင် အခြားအကြောင်းအရင်များကြောင့်မြန်မာနိုင်ငံတဝှမ်းတွင် စီးပွားရေးကျဆင်းလာပြီး စားဝတ်နေရေး ခက်ခဲခြင်းကြောင့် ခိုးဆိုးလုယက်ခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများလည်း နေ့စဉ်နီးပါး ရှိလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...