Friday, April 26, 2024

ကျိုင်းတုံ

ကျိုင်းတုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည် ကျိုင်းတုံမြို့နယ်မှ ဆယ်အိမ်မှူး တစ်ဦးသည် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကျိုင်းတုံမြို့၊ ပန်ယောင်းကျေးရွာမှ အသက် (၃၅) နှစ် ဆယ်အိမ်မှူး တစ်ဦးသည် အမျိုးသမီးဖြစ်သူ နှင့်...

တာလေတံတား အက် ကားလမ်းများခေတ္တပိတ်

သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းကြီးပေါ်ရှိ တာလေတံတား အက်နေ့သဖြင့် ကားလမ်းခေတ္တပိတ်ထားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ် တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာလေမြို့ တာလေ တံတား အက်နေသဖြင့် ယနေ့ (ဇန်နဝါရီလ ၁၈) ရက် နေ့လည်...

အွန်လိုင်းဂိမ်းလုပ်သူနှင့် တရားမဝင် လာရောက်သူများကို ကျိုင်းတုံမှ တဆင့် မိုင်းလားဘက်ပြန်ပို့မည်

သျှမ်းပြည် ကျိုင်းတုံမြို့တွင် စစ်ကောင်စီများ ဖမ်းဆီးထားသည့် အွန်လိုင်းဂိမ်းလုပ်သူများ နှင့် တရားမဝင်လာသည့် တရုတ်လူမျိုးများကို နေရပ်ပြန်ပို့ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ မှ တာချီလိတ်၊ မိုင်းဖြတ် တွင် အွန်လိုင်းဂိမ်းပြုလုပ်နေသူများကို ဖမ်းဆီးထားပြီး ၊ ထိုသူများကို နေရပ်ပြန်ပို့ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၇)ရက်တွင် ကျိုင်းတုံ...

ကျိုင်းတုံမြို့တွင် လယ်ယာအတွင်း ဓားခုတ်ခံရပြီး သေဆုံးမှု ဖြစ်ပွား

သျှမ်းပြည် ကျိုင်းတုံမြို့နယ် လယ်ယာအတွင်း ဓားခုတ်ခံရပြီး သေဆုံးရသည်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင် အချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းအင်ကျေးရွာ အုပ်စု၌ နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၎င်း​၏ လယ်ယာအတွင်း...

ကျိုင်းတုံမြို့ လယ်စောင့်တဲတွင် သွားအိပ်စောင့်သည့် အမျိုးသား ဓားခုတ်ခံရပြီး သေဆုံး

သျှမ်းပြည် ကျိုင်းတုံမြို့နယ် မိုင်းခွန်အုပ်စု ဝမ်လင်ကျေးရွာရှိ လယ်စောင့်တဲတွင် သွားအိပ်စောင့်သည့် အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်(၁၀)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ် မိုင်းခွန်အုပ်စု ဝမ်လင်ရွာနေ အမျိုးသားတစ်ဦး လယ်စောင့်တဲသို့ သွားအိပ်စောင့်ရင်း ဓားခုတ်ခံရပြီး သေဆုံးနေသည်ကို ဒေသခံများက...

ကျိုင်းတုံ – တာချီလိတ် ကားလမ်းမပေါ် ကားတစ်စီး ဘရိတ်ပေါက် ၁ ဦးသေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တာချီလိတ်ခရိုင် ကျိုင်းတုံ - တာချီလိတ် ကားလမ်းမပေါ်တွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်ပြီး တောင်ကိုတိုက်မိကာ ၁ ဦး သေဆုံး၍ ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည် မေလ ၈ ရက် ညနေပိုင်း ၅ နာရီတွင်...

ကျိုင်းတုံ စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး ကြိုးဆွဲချ သေဆုံး

သျှမ်းပြည် ကျိုင်းတုံမြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) မှ တပ်ကြပ်တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၂၂ ရက်) မွန်းလွဲ ၁ နာရီအချိန်တွင် ကျိုင်းတုံမြို့ အမှတ် (၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ်အတွင်း၌ အသက် ၄၀ နှစ်အရွယ်ရှိ တပ်ကြပ်တစ်ဦး ကြိုးဆွဲချ...

ကိုဗစ် – ၁၉ သျှမ်းပြည်တွင်း ပန်းပုရုပ်ထုများ ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရ

သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ငန်းသည်များ ကိုဗစ် -၁၉ ကြောင့် ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရပြီး ဝင်ငွေထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ကိုင်သူများသည် ယခင်က ပန်းပုရုပ်ထုများကို တရုတ်နိုင်ငံတွင်းထိ သွားရောက်လုပ်ကိုင်ရသည့်အထိ ရှိခဲ့ရာမှ ကိုဗစ် - ၁၉...

ကျိုင်းတုံ စစ်ကောင်စီဟုဆိုပြီး ဖုန်းမှတဆင့် ခြိမ်းခြောက် ငွေတောင်းမှုရှိလာ

သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် ကျိုင်းတုံမြို့ဒေသခံများထံ စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဟုဆိုပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်းခံမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်ကစပြီး ယနေ့ အချိန်ထိ ကျိုင်းတုံမြို့တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ဒေသခံပြည်သူများထံ တိုက်ရိုက်ဖုန်းခေါ်ဆိုလာပြီး...

သျှမ်းရှေ့ သို့ တရားမဝင် ရောက်လာသော တရုတ် နှင့် ထိုင်းနိုင်ငံသားများ ဖမ်းဆီးမိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် တရားမဝင် လာရောက်နေထိုင်သော တရုတ် နှင့် ထိုင်း နိုင်ငံသားတို့ကို ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာ၊ သင်္ချိုင်းကုန်း အနီး၌ ပြည်ဝင်ခွင့် အထောက်အထား လက်မှတ်မပါရှိသော တရုတ်နိုင်ငံသား...

Latest news