Tuesday, January 27, 2026

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ ဌာပနာခဲ့သည့် လောကသရဖူ စေတီတော် တည်ဆောက်ရေးကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းစာများတွင် ဖော်ပြသည်။

ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဝစီပိတ်ဆရာတော်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ချိန်ကတည်းက ကိုးကွယ်ခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်ပြီး စစ်ခေါင်းဆောင်ကို ယတြာ အစီအမံများ ပြုလုပ်ပေးကြောင်း ပြောဆိုမှုများလည်း ရှိသည်။

အလားတူ ယမန်နေ့ ညပိုင်းတွင် ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် လားဟူရိုးရာ နှစ်သစ်ကူးပွဲကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်သည် ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ စစ်တပ်နှင့် ပြည်သူ့စစ်များ ပေးသည့် ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...