အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။

ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur နှင့် အဖွဲ့ဝင်များမှ သွားရောက်ဖူးမျှော်ခဲ့ပြီး အိန္ဒိယနွယ်ဖွားများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထို့အပြင် တောင်ပေါ်ကျေးရွာ တစ်ရွာသို့ သွားရောက်လည်ပတ်ခဲ့ပြီး အာခါ၊ လားဟူ၊ သျှမ်းနှင့် ဗမာ တိုင်းရင်းသားများ အတူတကွ သဟဇာတဖြစ်စွာ နေထိုင်ကြသည်ကို တွေ့ရှိခဲ့ရကြောင်း အိန္ဒိယသံရုံး ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖေဖော်ဝါရီလ (၁) ရက်တွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး လာအိုနိုင်ငံအပါအဝင် နိုင်ငံတကာ ကုန်သွယ်မှုများ ပြုလုပ်ရာ မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်းသို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အိန္ဒိယသံအမတ်ကြီးသည် တာချီလိတ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေး အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သွယ်ရေး တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နှစ် ၂၀၂၅ ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် တာချီလိတ်မြို့ရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်ထားသော ဝမ်ပုံ ရေကြောင်းရဲတပ်ဖွဲ့စခန်းသို့ တရုတ်သံအမတ်ကြီး Ms. Ma Jia လည်း သွားရောက်စစ်ဆေးခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

တာချီလိတ်မြို့ အွန်လိုင်းလောင်းကစားရုံ စီးနင်းခံရ၊ နိုင်ငံခြားသား ၅၀ ဦးခန့် ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု ဝင်ရောက်စီးနင်းခံရပြီး နိုင်ငံခြားသား ၅၀ ဦးခန့် နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။ ယမန်နေ့ (ဧပြီလ ၂ ရက်) နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ (Regina)ဟိုတယ်ကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ တာဝန်ရှိသူများက...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...