အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ လုပ်ကိုင်နေခြင်းတို့ကြောင့် ညသန်းခေါင်အချိန်များတွင် ရပ်ကွက်အတွင်း ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ဒီဆိုင်တွေကြောင့် ရပ်ကွက်ထဲမှာ အော်ဟစ်ဆူညံတာ၊ ရန်ဖြစ်တာတွေက ခဏခဏပဲ။ ကျနော်တို့ မြို့ခံတွေမှာ ညဘက်အိပ်မရသလို လုံခြုံရေးလည်း အရမ်းစိုးရိမ်နေရတယ်” ဟု အောင်ပန်းမြို့ခံ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဒုစရိုက်လုပ်ငန်းများကို ထိရောက်စွာ အရေးယူပေးရန် အောင်ပန်းမြို့အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ဒေသခံများက အောင်ပန်းမြို့ပေါ်ရှိ KTV ၁၃ ဆိုင်၏ အမည်စာရင်းများနှင့်တကွ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များထံ ထပ်မံတိုင်ကြားရန် စီစဉ်နေကြကြောင်း သိရသည်။

“ပြည်ထဲရေးဝန်ကြီးက လွှတ်တော်မှာ ဖြေတုန်းက တရားမဝင် ရောင်းချနေမှုကို တိုင်ကြားရင် တိတိကျကျ စိစစ်အရေးယူဆောင်ရွက်ပေးမယ်လို့ ဖြေကြားထားတာ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ ရပ်ကွက်ထဲက KTV တွေကို လိုင်စင်ရှိ၊ မရှိနဲ့ တရားဝင်ဖွင့်ခွင့်ပေးထားတဲ့ဆိုင် ဟုတ်၊ မဟုတ် သက်ဆိုင်ရာက ထိထိရောက်ရောက် စစ်ဆေးပေးစေချင်ပါတယ်” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် အောင်ပန်းမြို့ပေါ်၌ The King, DJ, 135, VIP, KKK, Alinkar, Top Free, Royal Flower, ရွှေရှမ်းကန်၊ ဟာမိုနီ၊ ရွှေယမုံ၊ ငွေစည်းစိမ် (၁) နှင့် (၂) စသည့် KTV လုပ်ငန်းပေါင်း (၁၃) ခုခန့် ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက အောင်ပန်းမြို့အနီးရှိ H2O KTV ကို ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း မြို့ပေါ်ရှိ KTV ဆိုင်များမှာမူ ယနေ့တိုင် ပွင့်လင်းစွာ လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း သိရသည်။

အောင်ပန်းမြို့သည် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် အချက်အခြာကျသော မြို့တစ်မြို့ ဖြစ်သော်လည်း ထိုကဲ့သို့ ဒုစရိုက်မှုများ များပြားလာခြင်းက မြို့၏ပုံရိပ်နှင့် လူမှုပတ်ဝန်းကျင်အေးချမ်းမှုကို ထိခိုက်စေနိုင်သည့်အတွက် ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

မူဆယ် နဂါးနှစ်ကောာင် KTV မီးလောင် ၄ ဦးထိခိုက်ဒဏ်ရာရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၁၉ ရက်) မနက် ၉ နာရီခန့်တွင် တရုတ်-မြန်မာ မူဆယ်မြို့ဘက်ခြမ်း ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV ၌ မီးလောင်မှု...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...