အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို နားကပ်များမပါဘဲ ကျေးရွာနှင့် အလှမ်းဝေးသည့် တောင်ပေါ် ဘုရားတောင် ရေတွင်းထဲ၌ သေဆုံးလျက် တွေ့ရှိခဲ့ကြသည်။

ထိုဖြစ်စဉ် နှင့်ပတ်သက်၍ သက်ဆိုင်ရာ လူကြီးများက စုံစမ်းရာ သံသယရှိသူ အမျိုးသမီးကို ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်တွင် ဖမ်းဆီးမိခဲ့သည်။

၎င်းအား စစ်ဆေးချက်အရ ကလေးငယ်ကို ခေါ်ဆောင်ကာ ၎င်းထံ နားကပ်ကို လုယူပြီး ရေတွင်းထဲသို့ ပစ်ချခဲ့ကြောင်း ဝန်ခံထွက်ဆို ခဲ့သည်ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသား တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

“ကလေးငယ်နားက နားကပ်လှတယ် အမနဲ့ လိုက်ခဲ့မလား ဆိုပြီး မျှားခေါ်တယ်လို့ သိရတယ်၊ ကလေးဆီက နားကပ်ချွတ်ပြီး ကလေးကို ရေတွင်းထဲ ပစ်ချခဲ့တယ်လို့ ထွက်ဆိုထားတယ်၊ တရားခံ ကလေးမက အသက် (၁၉) ပဲရှိသေးတယ် ၊သူစလော့ဂိမ်းတွေ ဆော့တယ်လို့လည်း သိရတယ်။”ဟု ၎င်းအမျိုးသားကပြောသည်။

အဆိုပါ ကလေးငယ်အား ရေတွင်းထဲသို့ တွန်းချ သတ်ခဲ့သူသည် နောင်ရဲကျေးရွာနေ အသက် (၁၉) နှစ်အရွယ် မမိုးမိုးထွေး(ခ) မိုးစက် ဖြစ်ပြီး​၊ ၎င်းကို အောင်ပန်းမြို့ ရဲစခန်းတွင် အမှု့ဖွင့်ထားကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ထိုအဖြစ်ပျက် များအရ ကလေးမိဘများသည် ကလေးငယ်အား ရွှေများ ဝတ်ဆင်ပေးခြင်း မပြုလုပ်ရဲကြောင်းနှင့် ညနေမိုးချုပ်ချိန်တွင် ကလေးငယ်ကို အပြင်သို့ ပေးမထွက်ရဲကြတော့ကြောင်း ကလေးမိဘများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရှေးလူကြီး မိဘပြောတာ မမှားဘူး ကလေးတွေကို ရွှေတွေ မဝတ်ပေးသင့်ဘူးတဲ့ ဒီအဖြစ်ပျက်ကြောင့် ဒီစကားက အရမ်းကို မှန်နေတာ ၊ ကျမကလေးကို ကျမ ဘာရွှေမှ မဆင်ပေးရဲတော့ဘူး ၊ မျက်စိအောက်ကတောင် အပျောက်မခံရဲလောက်တော့ဘူး၊ ခေတ်ကာလက မကောင်းတော့ တစ်ခုခုဖြစ်ရင် ကိုယ်ပဲ ခံရတာ မူးယစ်ဆေးသုံးတဲ့သူ စလော့ဂိမ်းစွဲတဲ့သူက များသထက် များလေ ပိုကြောက်ဖို့ကောင်းလာလေပဲ။”ဟု အောင်ပန်း မြို့ ကလေးမိခင်တဉီးက ပြောသည်။

ထိုသို့ လူသတ်မှုများ၊ ခိုးဆိုးလုယက်မှုများနှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု များသည် တစ်လလျှင် (၁၀) ကြိမ် အနည်းဆုံး ဖြစ်ပွားနေကြောင်း အောင်ပန်းနာရေး ကူညီမှုအသင်းက ဆိုသည်။

လက်ရှိ သျှမ်းတောင်တွင် လူပျောက်မှုများ၊ လုယက် အသတ်ခံရသူများ နှင့် မုဒိမ်းမှုများ မကြာခဏ ဖြစ်လာသောကြောင့် ဒေသခံများအနေဖြင့် အသွားလာသတိထားသင့်ကြောင်း အောင်ပန်းဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...